ဟိုပင်မြို့ အရှေ့မြောက်ဘက်တွင် ငလျင်လှုပ်
DVB
·
November 23, 2019
ကချင်ပြည် ဟိုပင်မြို့ရဲ့ အရှေ့မြောက်ဘက်မှာ ဒီနေ့မနက်ပိုင်းက အင်အား ၃.၃ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဒီနေ့မနက် ၁၀ နာရီခွဲကျော်လောက်က ဟိုပင်မြို့ရဲ့ အရှေ့မြောက်ဘက် ၃ မိုင်လောက်အကွာ၊ မြောက်လတ္တီတွဒ် ၂၅.၀၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၅၆) ဒီဂရီ၊ အနက် ၁၂ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ)တာစကေး ၃.၃အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ ဆိုပါတယ်။