A d v e r t i s e m e n t With Us

ကမ္ဘာ့ကရာတေးချန်ပီယံဆု မြန်မာလူငယ် ၂ ဦးဆွတ်ခူ

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပနေတဲ့ ၁၂ ကြိမ်မြောက် ကမ္ဘာ့ကရာတေးပြိုင်ပွဲမှာ ဒူကထောင်စစ်ရှောင်စခန်းမှ မောင်မရန်ဂျာလနဲ့ မြစ်ကြီးနားမြို့က မဂျီဆန့်မိုင်နူးတို့ ကမ္ဘာ့ချန်ပီယံဆု ရွှေတံဆိပ်ကို ဆွတ်ခူးနိုင်ခဲ့ကြပါသည်။ ကျူရှင်းကရာတေး ကမ္ဘာ့ချန်ပီယံပြိုင်ပွဲမှာ အခုပွဲဟာ အဆင့်အမြင့်ဆုံးပြိုင်ပွဲကြီး ဖြစ်ပြီး မြစ်ကြီးနားမြို့က မောင်ဆိုင်းလတ်အောင်ကလည်း ဒုတိယဆုငွေတံဆိပ် ရရှိခဲ့ပါတယ်။ နည်းပြဆရာ BwiLap Ying Bawm က အခုလိုလူငယ်တွေ ကမ္ဘာ့ချန်ပီယံဆု ဆွတ်ခူးနိုင်ဖို့ လွယ်လွယ်ကူကူရတာ မဟုတ်ဘဲ ၃ လလောက် ပြင်ဆင်တာဖြစ်ပြီး ထိမိခိုက်မိ ဒဏ်ရာတွေရ၊ ဘာတွေရနဲ နေ့စဉ် အပြင်းအထန် ကြိုးစားလ့ကျင့်ခဲ့ကြပြီး အခုဒီနေရာကို ရခဲ့တာလို့ ဒီဗွီဘီကို ပြောပါတယ်။ ၄ နှစ် တကြိမ် ကျင်းပတဲ့ 2019 World Elite KarateChampionship ပြိုင်ပွဲကြီးမှာ နိုင်ငံတကာချန်ပီယံဆု ၂ ခုရရှိပြီးမှသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတာဖြစ်ပြီး ဒူကထောင် စစ်ရှောင်စခန်းမှ မောင်မရန်ဂျာလဟာ စင်ကာပူနိုင်ငံမှာကျင်းပခဲ့တဲ့ ၂၀၁၈ ခု အာရှ ၁၀ နိုင်ငံ ချန်ပီယံဆုနဲ့ ဧပြီလက ဂျပန်နိုင်ငံမှာကျင်းပခဲ့တဲ့ နိုင်ငံတကာပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိခဲ့တဲ့အတွက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာပါ။ အခုလို ကမ္ဘာ့ကရာတေးချန်ပီယံဆုတွေ ရရှိလို့ နိုင်ငံတော်နဲ့ စီးပွားရေးလုပ်ငန်းတွေက ပိုမိုအားပေးအာရုံစိုက်လာရင် ဒီထက်ပိုပြီး အောင်မြင်မှုတွေ ရလာနိုင်တယ်လို့လည်း အိုင်ကေအို မြန်မာတာဝန်ခံဆရာကြီး ရှီဟန်း ဦးမင်လွင်က ဒီဗွီဘီကို ပြောကြားခဲ့ပါတယ်။ အဆိုပါပြိုင်ပွဲကြီးကို နိုဝင်ဘာ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမှာဖြစ်ပြီး YMCA ကျူရှင်းကာရာတေးအသင်းမှ မောင်ယာကု (Ya Ku) ကလည်း အလွတ်တန်း ကမ္ဘာ့ရွှေချန်ပီယံပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။  

A d v e r t i s e m e n t With Us

More News
Up