Home
မြန်မာသတင်း
(၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ မန္တလေးမြို့တွင် ကျင်းပ
Aung Aung Naing
·
November 22, 2019
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ကံတက်ကုန်းမစိုးရိမ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို နိုဝင်ဘာ ၂၁ ရက်နေ့ညက ကျင်းပခဲ့ပါတယ်။ “အမျိုးသားနေ့ဆိုတာ သားတို့သမီးတို့ နားလည်အောင်ပြောရင် သူများလက်အောက်မှာ ခေါင်းငုံ့ပြီးနေခဲ့ကြရတဲ့ ဘဝ ကနေ ခေါင်းမော့ရင်ကော့ပြီးတော့မှ ငါတို့ဟာ ကျွန်လူမျိုးမဟုတ်ဘူး။ သခင်မျိုးဖြစ်တယ်ဆိုတာကို အမျိုးသားအောင်ပွဲနေ့ကြီးကနေ မြန်မာပြည်သူလူထုကြီးတရပ်လုံးကို သွပ်သွင်းပေးခဲ့တဲ့ နေ့ထူးနေ့မြတ်ဖြစ်တယ်”လို့ စာရေးဆရာ အောင်ဇေယျ (မန္တလေး) က ပြောပါတယ်။ ၉၉ နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကို ကံတက်ကုန်းမစိုးရိမ် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း ဘဒ္ဒန္တတေဇောဘာသ ပဓာနနာယက ဆရာတော် ဆရာတော်ဘုရားကြီးက သြဝါဒမိန့်ကြားကာ စာရေးဆရာ ဆရာဆူးငှက်နဲ့ ဆရာဦးရွှေထူးတို့က အမျိုးသားနေ့အောင်ပွဲ အကြောင်း  ဟောပြောခဲ့ပါတယ်။ ကံတက်ကုန်းမစိုးရိမ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းက ကျောင်းသူ ကျောင်းသားလေး တွေကလည်း ဒိုးပါတ်ဝိုင်းအက၊ ဦးရွှေရိုးအက၊ ပလောင်တိုင်းရင်းသူ၊ ပအို့ တိုင်းရင်းသူတွေနဲ့ အတူ ရှမ်းတိုင်းရင်းသူတွေကလည်း ရိုးရာအကများနဲ့ ၉၉ နှစ်မြောက်အမျိုးသားနေ့ အောင်ပွဲကို ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024