Home
အနုပညာ
အမိုက်စား ‘ကောင်းဘွိုင်’သီချင်းနဲ့ မြန်မာအိုင်ဒေါကန်းထရီးညကို အသက်ဝင်စေသူ-ထက်အဉ္ဇလီ (ရုပ်သံ)
DVB
·
November 22, 2019
တပတ်ပြီး တပတ် မတူညီတဲ့ တင်ဆက်ပုံတွေနဲ့ အစွမ်းပြယှဉ်ပြိုင်ရတဲ့ မြန်မာအိုင်ဒေါရဲ့ ကန်းထရီးသီချင်းတွေနဲ့ ညမှာတော့ ပြိုင်ပွဲဝင်တဉီးဖြစ်တဲ့ ထက်အဉ္ဇလီကတော့ ‘ကောင်းဘွိုင်’ သီချင်းနဲ့ အသက်ဝင်စေခဲ့ပါတယ်။ “ပုံမှန်ကိုယ်ရောက်တဲ့… Highway လမ်းမကြီးပေါ်… သူရယ်သံများ ကိုယ်ပြန် ကြားမိပါရဲ့… နေညိုချိန်တောက်တဲ့ တိမ်မီးခိုးတွေနောက်က… သူနေနေတဲ့ဆီ မနက်မိုး သောက်နေမယ်" ဒီသီချင်းကတော့ လက်ရှိအချိန်ထိ ပရိသတ်တွေ အားပေးလက်ခံမှုနဲ့ သီချင်းတွေ သီဆိုနေဆဲဖြစ်တဲ့ ဝါရင့်တေးသံရှင် ချင်းတိုင်းရင်းသူ ဆုန်သင်းပါရ်ရဲ့ သီချင်းတပုဒ်ဖြစ်ပြီး တေးရေး အရိုးက ရေးစပ်ပေးထားခဲ့တာ ဖြစ်ပါတယ်။   ပရိသတ်တွေအကြား ရေပန်းစားအားပေးမှုတွေနဲ့ ရှေ့ဆက်လာခဲ့တဲ့ မြန်မာအိုင် ဒေါ သီချင်းဆိုပြိုင်ပွဲကို ကျင်းပလာခဲ့တာ ခုတပတ်ဟာ စတုတ္ထမြောက်သီတင်းပတ် ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ ခုသီတင်းပတ်မှာတော့ Top Finalists ၈ ယောက်ဖြစ်ကြတဲ့ ယောကီး၊ ဘင်ဂျ မင်ဆုန်း၊ နော်စေးစေးထူး၊ တန်ခွန်ကျော်၊ ထက်အဉ္စလီ၊ အက်စတာဒေါ့သ်ချင်းဆုန်၊ မူး လာနဲ့ အေးမြဖြူတို့က ကန်းထရီးကျေးလက်သီချင်းတွေနဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြ တာပါ။ Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တွေအနေနဲ့ အခုနှစ်မှာတော့ အဆိုတော် အောင်ကိုလတ်၊ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က အကဲဖြတ်အမှတ်ပေး နေကြတာဖြစ်ပြီး Host အနေနဲ့  Myanmar Idol Season ၃ ခုလုံးမှာ ပါဝင်ခဲ့တဲ့ ကျော် ထက်အောင်ကပဲ တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ထက်အဉ္ဇလီဟာ မြန်မာအိုင်ဒေါရဲ့ Performance Show မှာတော့ တေးသံရှင် ဆုန် သင်းပါရ်ရဲ့ ‘သခင်’၊ ဒုတိယ သီတင်းပတ် Rock Week မှာလည်း ဆုန်သင်းပါရ်ရဲ့ ပန့်ခ် ရော့ခ်သီချင်းတပုဒ်ဖြစ်တဲ့ ‘ရပါတယ်’သီချင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ပြီး အမှတ်တရ တက္က သိုလ်သီချင်းတွေနဲ့ တတိယသီတင်းပတ်မှာတော့ တေးသံရှင်အေးချမ်းမေရဲ့ ‘ကျောင်းဖွင့် ချိန်’သီချင်းတွေနဲ့အစွမ်းပြယှဉ်ပြိုင်ခဲ့ပြီး တဆင့်ပြီးတဆင့် တက်လှမ်းလာ နိုင်ခဲ့တာပါ။ “အချိန်တွေပြောင်းလည်း ကိုယ်ဆက်တီးတုန်းပဲ… တို့ရဲ့အလွမ်းတွေလည်း… သူ တယောက်ပဲသိနိုင်မယ်… တယ်လီဖုန်းထဲ ဟော်လိုဟောင်းလေးထည့်… Texas ရောက် နေတဲ့ ထက်ရဲ့ Cowboy အတွက်” ဒီသီချင်းကို မူရင်းအဆိုရှင် ဆုန်သင်းပါရ်ကတော့ Texas ရောက်နေတဲ့ ဆုန်သင်း ရဲ့ Cowboy အတွက်လို့ သီဆိုထားခဲ့ပြီး ထက်အဉ္ဇလီကတော့ သူ့နာမည်လေးထည့်ပြီး ထူးထူးခြားခြား ပြန်လည်သီဆိုပြသွားခဲ့ကာ လိုက်ဖက်ညီတဲ့ ကန်းထရီးစတိုင်ဝတ်စား ဆင်ယင်မှုနဲ့ မြူးကြွနေခဲ့တာပါ။ ပရိသတ်တွေရဲ့ မဲပေးရွေးချယ်မှုနဲ့ အဆုံးအဖြတ်ပေးမယ့် အခုညရဲ့ Result Show မှာတော့ ပြိုင်ပွဲဝင် Top finalists ၈ ယောက်ထဲက ဘယ်ပြိုင်ပွဲဝင်တွေက နောက်တဆင့် ဆက်လက်ပြီးတော့ တက်လှမ်းသွားနိုင်မလဲ၊ သူတို့ထဲက ဘယ်သူက ပြိုင်ပွဲကနေ လက်ပြ နှုတ်ဆက်သွားရမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024