Home
မြန်မာသတင်း
Future’s Leader Myanmar 2019  ပြိုင်ပွဲ ဆုရ ကလေးငယ်များကို ဂုဏ်ပြု
နော်နိုရင်း
·
November 22, 2019
Future’s Leader Myanmar 2019 ပြိုင်ပွဲမှာ Winner ဆုတွေအသီးသီး ရရှိလာခဲ့တဲ့ ကယားပြည်နယ်က ကလေးငယ်တွေအတွက် ဂုဏ်ပြုပွဲကို  လွိုင်ကော်မြို့ Hotel Empire Loikaw မှာ နိုဝင်ဘာ ၂၁ ရက်ညက ကျင်းပပါတယ်။ ဒီပြိုင်ပွဲကို Myanmar Universe Academy Pageant Production  က ကြီးမှူးပြီး နိုဝင်ဘာ ၉ ရက်မှ ၁၁ ရက်အထိ မန္တလေးမြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး တနိုင်ငံလုံးက ပြိုင်ပွဲဝင် ၂၂ ဦး ဝင်ရောက်ယှဉ် ပြိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ကယားပြည်နယ်ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ရွှေပန်းချီဖူးက  Great winner ဆု၊ မိုက်ကယ်တီရယ်က Child King winner ဆု၊ မေသက်တန်ခူးက Pre winner ရရှိခဲ့ပြီး  အိမ့်ချမ်းသူက Minin winner ဆုရရှိခဲ့တာ ဖြစ်ပါတယ်။  ကယားပြည်နယ်က သားငယ်သမီးငယ် ၄ ယောက်ယှဉ်ပြိုင်ခဲ့ရာမှာ ၄ ဦးစလုံး Winner ဆုတွေရရှိခဲ့တဲ့အတွက် ဂုဏ်ပြုပွဲ ကျင်းပပေးတာလို့ ဂုဏ်ပြုပွဲ စီစဉ်ခဲ့တဲ့ အိမ်ထောင်ရှင်အလှမယ် ဒေါ်ခင်သူသူဝင်းက ပြောပါတယ်။ “အဲဒီမှာ ပြိုင်ပွဲဝင် ၂၂ ယောက်ရှိတယ်။ အဲဒီထဲမှာ သူ့အတန်းနဲ့ Mini တန်း၊ Pre တန်း၊ Grate တန်းနဲ့ King တန်းပေါ့ အဲဒီထဲမှာဒီ ကယားက သူ့အတန်းနဲ့သူ Winner အသီးသီးရခဲ့ပါတယ်။ ” ဒီလိုဂုဏ်ပြုပွဲကျင်းပပေးရတာနဲ့ပတ်သက်ပြီးတော့လည်း “အဓိကကတော့ ကိုယ့်လူမျိုး ကိုယ့်ဒေသမှာရှိတဲ့ကလေးတွေက ဖွံ့ဖြိုးတိုးတက်မှုမှာဆိုရင် အရမ်းနှောင့်နှေးတဲ့အတွက် ဒီ Miss ပိုင်းမှာပဲဖြစ်ဖြစ်၊ မော်ဒယ်ပိုင်းမှာပဲဖြစ်ဖြစ် ဒီလှုပ်ရှားမှုတခုအနေနဲ့ တိုးတက်စေချင်လို့ပါ ”လို့ ပြောပါတယ်။ Future's Leader Myanmar ပြိုင်ပွဲကို ကျင်းပတာ ၃ နှစ်ရှိပြီဖြစ်ပြီး ဒီနှစ်မှာမှ ကယားပြည်နယ်အနေနဲ့ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်။ ပြိုင်ပွဲမှာ ကြုံတွေ့ခဲ့ရတဲ့  အခက်အခဲတွေနဲ့ ပတ်သက်ပြီး ဒေါ်ခင်သူသူဝင်းက “အဓိက အချင်းချင်းစည်းလုံးကြတယ်။ ကလေးမိဘတွေကပေါ့နော်။ ကလေးတွေလည်း စည်းလုံးတယ်။ ဒါပေမယ့် ဘာအခက်အခဲကြုံရလဲဆိုတော့ ကယားကို အရမ်းအထင်သေးတာ။ တက်သွားပြီဆိုတာနဲ့ ကယားပါဆိုပြီး အရမ်းအထင်သေးတဲ့မျက်လုံးနဲ့ကြည့်တယ်။ အဲဒီဒဏ်ကို ခံရတယ်။ ပြီးလို့ရှိရင် အစဉ်အလာ မရှိတဲ့အတွက် ကျမတို့အတွက် အရမ်းကြိုးစားရတယ်။” ၂၀၁၉ ခု အိမ်ထောင်ရှင်အလှမယ် winner ရရှိခဲ့တဲ့ ဒေါ်ခင်သူသူဝင်းဦးဆောင်ပြီး အောက်တိုဘာလ ၁၅ ရက်နေ့က Miss&Mrs National Beauteous Queen Of Myanmar Loikawပြိုင်ပွဲကို ကျင်းပခဲ့ပြီးကယားပြည်နယ်က အလှမောင်မယ်တွေကို ရွေးထုတ်ပေးခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024