ရေးချောင်းကူးတံတားကို ဒေသခံများ ကိုယ်ထူကိုယ်ထ တည်ဆောက်
DVB
·
November 22, 2019
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာကျေးရွာနဲ့ အခြားကျေးရွာ ၁၀ ခုကို ချိတ်ဆက်ထားတဲ့ အရှည် ပေ ၁၃၀ ရှိတဲ့ ရေးချောင်းကူးတံတားကို ကျေးရွာပြည်သူတွေရဲ့ ထည့်ဝင်ငွေနဲ့အတူ နိုဝင်ဘာလ ၂၁ ရက်နေ့က စတင်တည်ဆောက်နေပါတယ်။
ဒေသခံ ရွာသား လုပ်အား အင်အား ၂၀၀ ကျော်နဲ့ ကိုယ်ထူကိုယ်ထိ တည်ဆောက်နေတဲ့ အဆိုပါတံတားဟာ သစ်သားနဲ့ ဝါးကို အသုံးပြုတည်ဆောက်နေတာပါ။
အဲဒီတံတားပြီးစီးသွားရင် လူနဲ့ ဆိုင်ကယ်ကူးသန်းသွားလာလို့ရမှာဖြစ်ကာ ကျေးရွာ ၁၀ ခုအတွင်းက လူ ၁ သောင်းဝန်းကျင်လောက် အကျိုးဖြစ်ထွန်းမယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါတံတားကိုအသုံးပြုပြီး ဒေသတွင်းက ထွက်ရှိတဲ့ သီးနှံတွေကို ရေးမြို့ပေါ်မှာ လာရောက် ရောင်းချရတာလို့လည်း သိရပါတယ်။
သတင်း - ဝင်းနိုင်သက်