ချောက်မြို့တွင် မြေငလျင်လှုပ်
DVB
·
November 22, 2019
မကွေးတိုင်း ချောက်မြို့မှာ မနေ့ညက အင်အား ၃.၆ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၁ ရက်နေ့၊ ည ၇ နာရီ ၄၅ မိနစ်လောက်က ချောက်မြို့ရဲ့ အရှေ့ဘက် ၆ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၀.၈၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၉၂ ဒီဂရီ၊ အနက် ၁၁၂ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၃.၆ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ ဆိုပါတယ်။