လူမင်း၊ ရာဇာနေဝင်း၊ စိုးမြတ်သူဇာတို့ ပါဝင်သည့် ကိုကိုငလက်မရုပ်ရှင်(နမူနာ)
DVB
·
November 21, 2019
ထူးခြားတဲ့ အထူးပြုလုပ်ချက်တွေနဲ့ ရိုက်ကူးထားတဲ့ မြန်မာရုပ်ရှင်-ကိုကိုငလက်မ ကို လာမယ့် နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဒီကားကိုတော့ ရွှေတောင်ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး နေ စိုးသော်ရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းကို ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်က ရိုက်ကူးပုံ ဖော်ပေးထားတာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ ထူးထူးခြားခြား လူသေးသေးလေး(Miniature)အသွင် အထူး ပြုလုပ်ချက်တွေနဲ့အတူ ဟာသဒရာမာဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဘယ်လိုပုံဖော်ထားမ လဲဆိုတာကိုတော့ ရုံတင်ပြသတဲ့အခါ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။
ဒီကားထဲမှာ ဝါရင့်နာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ လူ မင်း၊ ရာဇာနေဝင်း၊ ထွန်းထွန်း၊ စိုးမြတ်သူဇာ၊ သဉ္ဇာနွယ်ဝင်းတို့က ခေါင်းဆောင်ပါဝင်ထား ကြပြီး တခြားသရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာပါ။
ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ နိုဝင်ဘာလ ၁၇ ရက်နေ့က ရန်ကုန်မြို့၊ Junction City ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန် ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သန်းကျေိာ် ရှိနေခဲ့ပြီ ဖြစ်ပါ တယ်။