YMBA အဆောက်အအုံသစ် တပ်မတော်နှင့် ပတ်သက်မှုမရှိဟုဆို
သူဇာလင်း
·
November 21, 2019
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)အဆောက်အအုံကို ပြန်လည်တည်ဆောက်မယ့် ကိစ္စမှာ တပ်မတော်နဲ့ ပတ်သက်မှုမရှိဘူးလို့ YMBA တွဲဖက် ဥက္ကဋ္ဌ ဦးစိန်သန်းကပြောပါတယ်။
ဒီအဆောက်အအုံသစ်ဆောက်လုပ်ဖို့အတွက် ကိုယ်ထူကိုယ်ထ ဆောက်လုပ်မှာဖြစ်ပြီး တပ်ရဲ့ အကူအညီ လုံးဝမယူဘူးလို့ နိုင်ဝင်ဘာ ၂၁ ရက်နေ့က တပ်မတော်ဓမ္မာရုံမှာ ကျင်းပတဲ့ အခမ်းနားမှာ ပြောခဲ့တာပါ။
လက်ရှိမှာတော့ ဒီအဆောက်အအုံဆောက်လုပ်ဖို့အတွက် စည်ပင်က ဂရမ်ချပေးထားတာ မရှိသေးတာကြောင့် စည်ပင်က ဂရမ်ချပေးတဲ့အချိန်မှာ ဆောက်လုပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာ ၇ ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို YMBA အသင်းကနေပြီးတော့ မဟာမင်္ဂလဓမ္မဇော်တိကဓဇဘွဲ့ ပေးအပ်ချီးမြှင့်ခဲ့ ပါတယ်။
အဲဒီအခမ်းနားမှာတော့ YMBA အသင်းကနေ ၈ ထပ်အဆောက်အအုံဆောက်လုပ် လှူဒါန်းဖို့ တပ်ချုပ်ကို တောင်းဆိုခဲ့ပြီး တပ်ချုပ်က ဆောက်ပေးဖို့ ကတိပေးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။