လာဘ်ထိုးမှုဖြင့်တရားစွဲခံရသည့် ဆမ်ဆောင်းအမွေခံ လီဂျေးယောင် တရားရုံးကြားနာပွဲ တက်မည်

တောင်ကိုရီးယား အမျိုးသမီးသမ္မတဟောင်း ပတ်ဂွန်ဟေးဆီက မျက်နှာသာရဖို့ လာဘ်ထိုးမှု အတွက် ဆမ်ဆောင်းနိုင်ငံတကာလုပ်ငန်းစုကြီးရဲ့အမွေခံ လီဂျေးယောင်ဟာ ဆိုးလ်မြို့တော်က တရားရုံးချုပ်မှာ နိုဝင်ဘာ ၂၂ရက်နေ့ ဒုတိယအကြိမ်ကြားနာပွဲကို တက်ဖို့ မျှော်လင့် ထားပါတယ်။ ၂၀၁၇ ခုနှစ်က အဂတိလိုက်စားမှု စွဲချက်ကို ပြန်သုံးသပ်ဖို့ အယူခံကို တရားရုံးချုပ်က ပယ်ချခဲ့တာပါ။      ပထမအကြိမ်ကြားနာပွဲမှာ လီဂျေးယောင်ကို ဆိုင်းငံ့ထောင်ဒဏ် ၂နှစ်ခွဲ ချမှတ်ထားပါတယ်။ ဆမ်ဆောင်းလုပ်ငန်းစုကြီးကို ဆက်ခံသူနဲ့ပတ်သက်တဲ့ စီမံကိန်းမှာ သမ္မတဟောင်းရဲ့ မျက်နှာသာ ပေးမှုရဖို့ မြင်း၃ကောင်ကို ဆမ်ဆောင်းကနေ လှူခဲ့တဲ့ လုပ်ရပ်ဟာ လာဘ်ထိုးမှု မြောက်သလား ဆိုတဲ့ မေးခွန်းအတွက် လီဂျေးယောင်ဟာ အခရာ ကျနေပါတယ်။        ဒီမြင်းတွေကို ပတ်ခ်ရဲ့ လူယုံဖြစ်သူရဲ့ သမီး မြင်းရေးကျွမ်းကျင်သူပညာရှင် ချွေးဆောင်ဝမ်ကို ပေးခဲ့တာပါ။        တရားရေးပညာရှင်တွေကတော့ ဒီနှစ်မှာ စွဲချက်အသစ်က လီနဲ့ ဆမ်ဆောင်းလုပ်ငန်းစုအပေါ် ၃နှစ်ကြာ စွဲထားတဲ့ စွဲချက်ဟောင်းတွေကို သက်တမ်းတိုးမယ့် အလားအလာ မရှိဘူးလို့ ပြောနေကြပါတယ်။

More News
Up