Homeမြန်မာသတင်း
ရိုးမကုမ္ပဏီအုပ်စုတွင် ဖိလစ်ပိုင် Ayala ကော်ပိုရေးရှင်းက ရှယ်ယာ ၂၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမည်
ရိုးမကုမ္ပဏီအုပ်စုတွင် ဖိလစ်ပိုင် Ayala ကော်ပိုရေးရှင်းက ရှယ်ယာ ၂၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမည်
စိုးမိုးအောင်
·
November 20, 2019
ရိုးမကုမ္ပဏီအုပ်စုမှာ ဖိလစ်ပိုင်နိုင်ငံ Ayala ကော်ပိုရေးရှင်းက အစုရှယ်ယာ ၂၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပြီး FMI နဲ့ Yoma Strategic ကုမ္ပဏီနှစ်ခုလုံးရဲ့ လုပ်ငန်းတွေအပေါ် အကျိုးခံစားခွင့်ရမှာလို့ FMI ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဦးထွန်းထွန်းက ပြောပါတယ်။
FMI ကုမ္ပဏီနဲ့ Yoma Strategic ကုမ္ပဏီတို့မှာ Ayalaက ၂၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံတာနဲ့ ပတ်သက်လို့ နိုဝင်ဘာ ၁၉ ရက်က ရန်ကုန်စတော့အိတ်ချိန်းရုံးမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ပြောကြားလိုက်တာပါ။
Ayala ကနေ အမေရိကန်ဒေါ်လာ ၂၃၇ ဒသမ ၅ သန်းအထိ ရိုးမအုပ်စုမှာ ရင်းနှီးမြှုပ်နှံမှာ ဖြစ်သလို ဒုတိယအကြီးဆုံးရှယ်ယာရှင်ဖြစ်လာမယ်လို့လည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
Ayala အနေနဲ့ FMIကုမ္ပဏီကို ပြောင်းလဲနိုင်သောချေးငွေ အမေရိကန်ဒေါ်လာ ၈၂ ဒသမ ၅ သန်းပေးအပ်သွားမှာဖြစ်ပြီး အဲဒီချေးငွေကို FMI ရဲ့ သာမန်ရှယ်ယာ ၂၀ ရာခိုင်နှုန်းအဖြစ် ပြောင်းလဲသွားမယ်လို့လည်း ဆိုပါတယ်။