Home
မြန်မာသတင်း
ထား၀ယ်အမျိုးသားနေ့ပွဲ ထားဝယ်၊ ကော့သောင်းနှင့် ထိုင်းနိုင်ငံတွင် ကျင်းပမည် 
DVB
·
November 19, 2019
နတ်တော်လဆန်း ၁ ရက်နေ့မှာ ကျရောက်တဲ့ ထား၀ယ်အမျိုးသားနေ့ကို  နေရာ သုံးနေရာထက်မနည်း ကျင်းပသွားဖို့ရှိတယ်လို့ ထား၀ယ်လူမျိုးစုစည်းမှု ကော်မတီထံက သိရပါတယ်။ ထား၀ယ်မြို့ရှိ တနင်္သာရီတိုင်းဒေသကြီးယဉ်ကျေးမှုပြတိုက်နေရာ၊ ကော့သောင်းမြို့ရှိ ၃ မိုင်ဘုန်းတော်ကြီကျောင်း၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့တို့မှာ ထား၀ယ်အမျိုးသားနေ့ အခမ်းအနားနဲ့ အလံတင်အလေးပြုအခမ်းအနား ပြုလုပ်သွားမှာဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ် ကမာပုလောမှာလည်း ကျင်းပဖို့ ရှိတယ်လို့ ထား၀ယ်လူမျိုးစုစည်းမှု ကော်မတီ တာ၀န်ခံဦးအောင်မျိုးက ပြောပါတယ်။ ထား၀ယ်အမျိုးသားနေ့ အခမ်းအနားမှာ အလံတော်ကိုအလေးပြုတာ၊ တိမ်မြှုပ်လာတဲ့ ထား၀ယ်ရိုးရာအားကစားနည်းကိုသရုပ်တာနဲ့ ပြိုင်ပွဲတွေ ကျင်းပတာအပြင် ထား၀ယ်ရိုးရာ လှေလှော်ပြိုင်ပွဲကို ပြုလုပ်ပြီး မီးပုံးပျံလွှတ်တဲ့ အစီအစဉ်တွေပါ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်က ထား၀ယ်အမျိုးသားနေ့အခမ်းအနားကို ထား၀ယ်မြို့ရှိ တနင်္သာရီတိုင်းဒေသကြီး ယဉ်ကျေးမှုပြတိုက်၀င်းအတွင်း ကျင်းပခဲ့ပါတယ်။ ထား၀ယ်အမျိုးသား ညီလာခံအောင်မြင်စွာကျင်းပနိုင်ခဲ့တဲ့နေ့ကို ထား၀ယ်အမျိုးသားနေ့ အဖြစ် သတ်မှတ် ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။  သတင်း-တင့်လွင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024