ကမ္ဘောဒီးယားစစ်တပ်ကို လေ့ကျင့်ပေးရန် တရုတ်သဘောတူ

တရုတ်ြပည်သူ့လွတ်ေြမာက်ေရး တပ်မေတာ်က လက်ေထာက် အေထွေထွကာကွယ်ေရးဦးစီးချုပ် ဗိုလ်ချုပ် ကွီဂျီယန်း (Qi Jianguo)နဲ့ ကေမာ္ဘဒီးယား လက်ေထာက်ကာကွယ်ေရး၀န်ြကီး ေမာင်ဆန်ပင် (Moeung Samphan)တို့ သေဘာတူစာချုပ်ချုပ်ဆိုအြပီး(Photo by Phnom Penh Post)
3.6K
ကမ္ဘောဒီးယား စစ်တပ်ကို လေ့ကျင့်ပေးဖို့နဲ့ ခေတ်မီတဲ့ လက်နက်အသစ်တွေကို ထောက်ပံ့ပေးဖို့ သဘောတူစာချုပ်ကို တရုတ်နိုင်ငံက လက်မှတ်ရေးထိုးလိုက်ပြီး ရဟတ်ယာဉ် ၁၂ စင်းနဲ့ စတင် ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။
အမေရိကန်က ကမ္ဘောဒီးယားတော်ဝင်တပ်ဖွဲ့ကို အဆင့်မြှင့်တင် တပ်ဆင်ဖို့ ငြင်းဆိုလိုက်ပြီးတဲ့နောက်မှာ တရုတ်က အခုလို လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။
[caption id="attachment_35747" align="alignright" width="300" caption="တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က လက်ထောက် အထွေထွေကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် ကွီဂျီယန်း (Qi Jianguo)နဲ့ ကမ္ဘောဒီးယား လက်ထောက်ကာကွယ်ရေးဝန်ကြီး မောင်ဆန်ပင် (Moeung Samphan)တို့ သဘောတူစာချုပ်ချုပ်ဆိုအပြီး(Photo by Phnom Penh Post)"]
[/caption]
ဒေသတွင်း ဆက်ဆံရေးကို လှုပ်ခတ်သွားနိုင်တဲ့ သဘောတူညီချက်ကို ဖနွမ်းပင်မှာ ကျင်းပတဲ့ လူမသိသူမသိ အခမ်းအနားတခုမှာ ဇန်န၀ါရီ ၂၃ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပါတယ်။
ကမ္ဘောဒီးယား လက်ထောက်ကာကွယ်ရေးဝန်ကြီး မောင်ဆန်ပင် (Moeung Samphan)နဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က လက်ထောက် အထွေထွေကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် ကွီဂျီယန်း (Qi Jianguo) တို့က ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီး တီဘန်း(Tea Banh) ရှေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
ရဟတ်ယာဉ် ၁၂ စင်းနဲ့ သင်တန်းက ကမ္ဘောဒီးယား စစ်ရေးစွမ်းရည်ကို ပိုမို တိုးတက်စေမှာ ဖြစ်သလို အမျိုးသားကာကွယ်ရေးကဏ္ဍမှာ ကမ္ဘောဒီးယား တော်ဝင်တပ်မတော်ရဲ့ စွမ်းရည်ကို ပိုမိုတိုးတက်အောင် ကူညီရာရောက်တယ်လို့ တီဘန်းက ပြောပါတယ်။ ဒီလုပ်ဆောင်ချက်အတွက် ထိုင်းနဲ့ ဗီယက်နမ်တို့ကနေ တစုံတရာတုံ့ပြန်ချက် မရှိသေးပေမယ့် အခြေအနေကို စောင့်ကြည့်နိုင်ဖွယ် ရှိနေပါတယ်။
အာဆီယံဒေသတွင်းမှာ တရုတ်နဲ့ ရေပိုင်နက်အငြင်းပွားမှုကို အနီးကပ်စောင့်ကြည့်နေချိန်မှာ အခုလို ဖြစ်လာတာလည်း ဖြစ်ပါတယ်။
ကမ္ဘောဒီးယားစစ်တပ်ကို ခေတ်မီအောင် လုပ်ဆောင်တာဟာ ထိုင်းနဲ့ အငြင်းပွားနေတဲ့ ပီရားဗီဟာ (Preah Vihear) ဘုရားကျောင်း အငြင်းပွားရာမှာ ၂ ဖက်စလုံးက ပါဝင်နေတဲ့ အမျိုးသားရေးအစွန်းရောက်တွေရဲ့ ရန်လိုမှုတွေအပေါ် သက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။ သူတို့ကလည်း ထိုင်းတပ်ဖွဲ့တွေကို ထပ်ပြီး အဆင့်မြှင့်ဖို့ တောင်းဆိုမှာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ်တွေအတွင်း ကမ္ဘောဒီးယား စစ်ရေးနဲ့ စီးပွားရေး ကိစ္စတွေမှာ တရုတ်က တက်တက်ကြွကြွ တိုးမြှင့် လုပ်ဆောင်လာနေတာလည်း ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်မှာ တရုတ်ကုမ္ပဏီတွေက ကမ္ဘောဒီးယားမှာ အမေရိကန်ဒေါ်လာ ၈ ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့ အာမခံထားပါတယ်။ ဇန်န၀ါရီ ၂၄ ရက်နေ့မှာလည်း တရုတ်အစိုးရ မီးရထားဝန်ကြီးဌာနက ၄၀၄ ကီလိုမီတာရှည်တဲ့ ပီရားဗီဟာကနေ ထိုင်းကမ်းခြေနဲ့နီးတဲ့ ကိုးခေါင် (Koh Kong)အထိ ရထားလမ်းဖောက်လုပ်ဖို့ သဘောတူညီခဲ့ပါတယ်။