Home
မြန်မာသတင်း
ကိုင်ဇာ တကိုယ်တော်တေးဂီတဖျော်ဖြေပွဲ ရန်ကုန်တွင်ကျင်းပမည်
DVB
·
November 19, 2019
     မြန်မာစတီရီယိုဂီတလောကမှာ တချိန်ကထင်ရှား နာမည်ကြီးခဲ့တဲ့ ဝါရင့်အဆိုတော် ကိုင်ဇာရဲ့ တကိုယ်တော်တေးဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။ ဒီပွဲကိုတော့ လာမယ့် နိုဝင်ဘာလ ၂၄ ရက်နေ့ည ၈ နာရီမှာ ရန်ကင်းမြို့နယ်မှာရှိတဲ့ The Radio Bar မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။        လက်ရှိအချိန်မှာတော့ အသက် ၅၈ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ရခိုင်အမျိုးသား တေးသံရှင် ကိုင်ဇာဟာ တေးသံရှင်တဦးအဖြစ်ရော တေးရေးတဦးအဖြစ်ပါ ၁၉၇၀ ပြည့် နှစ်နောက်ပိုင်း ကာလတွေကတည်းက ကျော်ကြားတဲ့ တေးသီချင်းပေါင်းများစွာကို သီဆို အောင်မြင်ခဲ့သူပါ။ ကိုင်ဇာဟာ အကျည်းတန်၏ အထီးကျန်အထုပ္ပတ္တိ၊ အလွမ်း၊ အနမ်းပန်း၊ မနိုးပါ စေနဲ့ မိုးရယ်၊ နောက်တခေါက်လောက်တော့ ထပ်ပြောပါ၊ သီချင်းရှင်ကို ကြင်နာပါ၊ ကစ္စပနဒီလှိုင်းသံ၊ တူနှစ်ကိုယ်တိုင်းပြည်၊ အိပ်မက်များကို တီထွင်သူ၊ ချမ်းလည်းချမ်းတယ် လွမ်းလည်းလွမ်းတယ်၊ မြင်းမိုရ်တောင်တက်သမား၊ မောင့်ဒေဝစ္စရာ၊ အချစ်ဆိုသည်မှာ၊ မြန်မာပြည်ကိုလွမ်းတယ်၊ လွမ်းလိပ်ပြာရဲ့ ကိုယ်ပိုင်သံစဉ်၊ နိုင်ငံကျော်၊ ဂီတရာဇဝင်(၁+၂)၊ ရာဇဝင်တွင်မယ့်မိုး၊ မောင့်ငယ်ဖော်ကို လွမ်းတဲ့ညစတဲ့ တကိုယ်တော် တေးအယ်လ်ဘမ် တွေအပါအဝင် တေးအယ်လ်ဘမ်ပေါင်း ၂၀ ထွက်ရှိခဲ့ပြီးဖြစ်ကာ သီချင်းပုဒ်ရေ ၂၀၀ ကျော် သီဆိုထွက်ရှိခဲ့ပြီး ဖြစ်ပါတယ်။        ကိုင်ဇာဟာ နာမည်ကြီး အမျိုးသမီးတေးသံရှင်တွေ ဖြစ်ကြတဲ့ မေဆွိ၊ မေခလာတို့ နဲ့လည်း စုံတွဲသီချင်းတွေ သီဆိုအောင်မြင်ခဲ့ပြီး ပရိသတ်အချစ်တော် အဆိုရှင်တဦးဖြစ် တာမို့ ခုကျင်းပမယ့် သူ့ရဲ့ တကိုယ်တော် ဖျော်ဖြေပွဲမှာရော ပရိသတ်ကို ဆွဲဆောင်နိုင်ဦး မလားဆိုတာကိုတော့ စောင့်မျှော်အားပေးကြရမှာ ဖြစ်ပါတယ်။        ခုပွဲအတွက် တီးခတ်ပေးမယ့် တေးဂီတအဖွဲ့ကတော့ Z.M.G Music Band ဖြစ်ပြီး တဦးချင်းလာရောက်လိုသူတွေအနေနဲ့ တဦးလျှင် ကျပ် ၃၀၀၀၀နဲ့ အထူးဝိုင်းတွေအနေနဲ့ VVIP ၃ သိန်းကျပ်၊ VIP ကျပ် ၂၄၀၀၀၀ အသီးသီး သတ်မှတ်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024