ခိုးကူးခွေ သတင်းပေးရန် နှိုးဆော်
DVB
·
January 25, 2013
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဟာ မြန်မာရုပ်ရှင်နဲ့ ဗွီဒီယိုလောက တိုးတက်ရေးနဲ့ မူပိုင်ခွင့်ကာကွယ်ရေးအတွက် ပွားခွေ၊ နယ်ကျော်ခွေ၊ ဆင်ဆာမဲ့ခွေ၊ ညစ်ညမ်းခွေတွေကို ရဲတပ်ဖွဲ့အပါအ၀င် သက်ဆိုင်ရာတွေနဲ့ ပေါင်းပြီးနှိမ်နင်းနေတာကြောင့် ခိုးကူးခွေ ရောင်းချတာ၊ ထုတ်လုပ်တာ တွေ့တဲ့ ပြည်သူတွေအနေနဲ့ ဖုန်း ၀၉-၇၃၀၉၆၂၂၃ ကို သတင်းပို့ဖို့ မေတ္တာရပ်ခံ တိုက်တွန်းနှိုးဆော်ထားပါတယ်။
အလားတူ မြန်မာနိုင်ငံ ဂီတအစည်းအရုံးကလည်း ခိုးကူးသီချင်းခွေတွေ၊ ဗွီစီဒီခွေတွေ တွေ့ရင် ဖုန်း- ၀၉-၇၃၁၅၆၉၈၇ ကို အကြောင်းကြားဖို့ နှိုးဆော်ထားပါတယ်။
သတင်းပေးတိုင်ကြားသူတွေရဲ့ နာမည်တွေကိုတော့ လုံးဝ လျှို့ဝှက်ထားပေးဖို့ တာဝန်ယူတယ်ဆိုပြီး ကြေညာချက်မှာ ဖော်ပြထားပါတယ်။