Home
မြန်မာသတင်း
ကလေးစာပေပွဲတော် သရက်မြို့တွင် ကျင်းပ
DVB
·
November 18, 2019
ကလေးစာပေပွဲတော်ကို မကွေးတိုင်း၊ သရက်မြို့ အ.ထ.က (၁) မှာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနဲ့ သရက်ခရိုင်စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်းပြီး နိုဝင်ဘာ ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာ ကျင်းပပါတယ်။ ကလေးငယ်တွေငယ်စဉ်ကတည်းက  စာဖတ်တဲ့အလေ့အထတွေ၊ အစုအဖွဲ့နဲ့စု ပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အထတွေရရှိအောင်နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမယ့် ဂိမ်းကစားနည်းတွေ ကိုယ်ကာယ ကြံ့ခိုင်တဲ့ ကစားနည်းတွေသိရှိလာဖို့ ကလေးတွေပျော်ရွှင်လာအောင် အဓိက ရည်ရွယ်ပြုလုပ်တာပါ။ ဒေသခံ မစုဒါဝင်က “ကလေးစာပေပွဲ လုပ်ပေးတဲ့အတွက် ဌာနဆိုင်ရာအကြီးအကဲတွေကို ကျေးဇူးတင်ပါတယ်။ သမီးတို့လည်း ဗဟုသုတတွေ ရရှိပါတယ်။ နောင်လည်း ဒီလိုပွဲတွေ များများလုပ်ပေးဖို့ တောင်းဆိုပါတယ်”လို့ ပြောပါတယ်။ ကျပန်း၊ ပုံပြော၊ ကဗျာ၊ ပန်းချီပြိုင်ပွဲတွေ၊ ဂိမ်းကစားနည်းတွေနဲ့ အားကစားပြိုင်ပွဲတွေ ထည့်သွင်းကျင်းပပြီး ဆုအသီးသီးချီးမြှင့်ခဲ့တဲ့အပြင် အလှူရှင်တွေကလည်း အကျွေးအမွေး နဲ့ ဧည့်ခံပါတယ်။ သရက်ခရိုင် ပြန်ဆက်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ဆွေက “ကလေးငယ်တွေ စာဖတ်နေတာချည်း မဟုတ်ဘဲ ပတ်ဝန်းကျင်နဲ့ထိတွေ့ပြီးတော့ အသိပညာ ဗဟုသုတရရှိဖို့ စာပေတွေဖတ်ရှုခြင်းအားဖြင့် ဘဝမှာအခက်အခဲတွေ ကျော်လွှားနိုင်ဖို့အတွက် ငယ်စဉ်ကတည်းက အလေ့အထကောင်းတွေရရှိဖို့ ရည်ရွယ်ပါတယ်”လို့ ပြောပါတယ်။ ပညာရေး၊ အစိုးရစက်မှုလက်မသိပ္ပံ၊ လျှပ်စစ်၊ ရဲ၊ အား/ကာ၊ မီးသတ်၊ သစ်တော ဌာနတွေက ပြခန်းတွေ ဖွင့်လှစ်ပြသခဲ့ပါတယ်။ သတင်း-ဘဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024