သမက်က ယောက္ခမနေအိမ် မီးရှို့
DVB
·
November 18, 2019
မွန်ပြည်နယ်၊ ရေးမြို့၊ သီရိနန္ဒာရပ် ထန်းတောပိုင်း ၅ လမ်းမှာ နိုဝင်ဘာ ၁၇ နေ့ မွန်းလွဲပိုင်းက နေအိမ်မီးရှို့မှုဖြစ်ပွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
နေအိမ်ရှင် ဒေါ်အုန်းသက် မရှိတဲ့အချိန်မှာ သမက်ဖြစ်သူ ကိုအောင်မျိုးသက်က ယောက္ခမနေအိမ်ကို မီးရှို့မှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
မီးလောင်မှုမှာ မီးသတ်တပ်ဖွဲ့မီးသတ်ယာဉ် ၃ စီးနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ မိနစ်အနည်းငယ်အတွင်း မီးငြိမ်းသတ်နိုင်ခဲ့တာကြောင့် ဘေးပတ်၀န်းကျင်နေအိမ်တွေ မီးကူးစက် မလောင်ကျွမ်းခဲ့သလို ထိခိုက်ဒဏ်ရာတာလည်း မရှိဘူးလို့ တာ၀န်ရှိသူတဦးကပြောပါတယ်။
နေအိမ်မီးရှုံးတဲ့ ကိုအောင်မျိုးသက်ကတော့ ထွက်ပြေးတိမ်းရှောင်နေပြီး ရေးမြို့မရဲစခန်းက ရာဇာသတ်ကြီးပုဒ်မ ၄၃၆ နဲ့ အမှုဖွင့်စုံစမ်းရှာဖွေနေတယ်လို့ ဆိုပါတယ်။
သတင်း - နေမျိုးထွဋ်