
Lead Story နိုင်ငံတကာ ရုပ်သံ အားကစား
ယူရိုခြေစစ်ပွဲ အင်္ဂလန်၊ ပြင်သစ်နှင့် ပေါ်တူဂီ အနိုင်ရ (ရုပ်သံဟိုက်လိုက်)
Email This Story :
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲစဉ်တွေမှာ နာမည်ကြီးအသင်းတွေထဲက အင်္ဂလန်၊ ပြင်သစ်နဲ့ ပေါ်တူဂီတို့ အနိုင်ရသွားပါတယ်။
အုပ်စု (အေ) မှာ ပါဝင်တဲ့ အင်္ဂလန်က အဝေးကွင်းမှာ ကိုဆိုဗိုကို ၄ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲနိုင်တဲ့ အင်္ဂလန်က ခြေစစ်ပွဲကို ပြီးခဲ့တဲ့သီတင်းပတ်က အောင်မြင်ထားပြီး ဖြစ်ပါတယ်။
အုပ်စု (ဘီ) မှာတော့ ပေါ်တူဂီက အဝေးကွင်းမှာ လူဇန်ဘတ်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲမှာ တိုက်စစ်မှူး ရော်နယ်ဒိုက ၉၉ ဂိုးမြောက် နိုင်ငံတကာဂိုးကို သွင်းယူခဲ့ပါတယ်။
ဒါ့အပြင် သွင်းဂိုးစံချိန်သစ် တင်နိုင်အောင် ကြိုးစားသွားမယ်လို့လည်း ပြောပါတယ်။ ဒီပွဲနိုင်တဲ့ ပေါ်တူဂီက အုပ်စု (ဘီ) ရဲ့ ဒုတိယနေရာမှာ ရှိနေပြီး နောက်တပွဲမှာ လူဇန်ဘန်ကို အနိုင်ရရင် ခြေစစ်ပွဲအတွက် တနေရာ သေချာမှာ ဖြစ်ပါတယ်။
အုပ်စု (အိတ်ချ်) မှာရှိတဲ့ ပြင်သစ်ကတော့ အဝေးကွင်းမှာ အယ်ဘေးနီးယားကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲနိုင်တဲ့ ပြင်သစ်က အုပ်စုဗိုလ်အဖြစ်နဲ့ ခြေစစ်ပွဲကို အောင်မြင်သွားပါတယ်။