၈ နှစ်ကြာ ရပ်ထားသည့် မော်လမြိုင်ကုန်စည်ဒိုင် ပြန်ဖွင့်မည်
DVB
·
November 17, 2019
၈ နှစ်ကြာ ရပ်ထားတဲ့ မော်လမြိုင်ကုန်စည်ဒိုင်လုပ်ငန်းတွေကို ပြန်လည်စတင်တော့မယ်လို့ ကုန်စည်ဒိုင်ဥက္ကဋ္ဌက ပြောဆိုလိုက်ပါတယ်။
ကုန်စည်ဒိုင်လုပ်ငန်းတွေ ပြန်စတင်နိုင်ဖို့ နိုဝင်ဘာ ၁၇ ရက်က ကုန်စည်ဒိုင်အသင်းရဲ့ ဗဟို အလုပ်မှုဆောင်အဖွဲ့ကို အသစ်တဖန် ပြန်လည်ဖွဲ့စည်းခဲ့တာဖြစ်ပြီး လုပ်ငန်းတွေကိုတော့ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှာ စတင်ဖို့ စီစဉ်ထားတာပါ။
ဒီလို ဆောင်ရွက်ရာမှာ ဒေသထွက်ကုန်တွေကို ကုန်စည်ဒိုင်မှာပဲ တစုတစည်းတည်း လာရောက် ဝယ်ယူနိုင်တဲ့အထိ ကြိုပမ်းဆောင်ရွက်သွားမယ်လို့ မော်လမြိုင်ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးအောင်မျိုးဦးက ပြောပါတယ်။
ဒါ့အပြင် ဒေသထွက်ကုန်စည်တွေဖြစ်တဲ့ ရော်ဘာ အပါအဝင် အခြားသီးနှံတွေရဲ့ ပေါက်ဈေးတွေကိုလည်း နေ့စဉ်တင်ပြပေးသွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
လက်တလောမှာတော့ မွန်ပြည်နယ်ကုန်စည်ဈေးကွက်မှာတော့ ကုန်စည်ဒိုင်မရှိတာကြာင့် ကုန်ပစ္စည်းထွက်ရာ ဒေသတွေက ပစ္စည်းတွေကို တဆင့်ခံ ဝယ်ယူရောင်းချနေတာတွေ၊ တိုက်ရိုက် တင်သွင်း ရောင်းချတဲ့စနစ်တွေကို ကျင့်သုံးနေတာပါ။