ဂေဟစနစ်ပြဿနာ အသိပညာပေးရန် ပါရီတွင် ရေသတ္တဝါပုံများဖြင့် မီးထွန်းပွဲကျင်းပ
Photo : REUTERS/Charles Platiau
Published By
DVB | 17 November, 2019
3.2K
0
Share
0
Comment
0
Likes
ပြင်သစ်နိုင်ငံ ပါရီမြို့ရဲ့ ဂျာဒန်ဒီစ်ပလန့်စ်ဥယျာဉ်မှာ နိုဝင်ဘာ ၁၅ ရက်က လုပ်တဲ့ မီးထွန်းပွဲတော်အတွင်း ရေသတ္တဝါမျိုးစုံကို ရောင်စုံမီးတွေနဲ့ ပုံဖော်ထားပါတယ်။
အလွန်အကျွံ ငါးဖမ်းတာနဲ့ ပလတ်စတစ်အမှိုက် စတဲ့ ပင်လယ်သမုဒ္ဒရာ ဂေဟစနစ် ပြဿနာတွေကို အသိပညာပေးဖို့ ရည်ရွယ်ချက်နဲ့ အခုလို ကျင်းပတာလို့ ပါရီသဘာဝသမိုင်းပြတိုက် ဒါရိုက်တာ ဘရူနိုဒေးဗစ်က ပြောပါတယ်။
ကဏန်း၊ လိပ်၊ ခရု၊ မိချောင်း၊ ကြိုးကြာ၊ ရေဘဝဲ ၊ ပုစွန် စတဲ့ ရေနေသတ္တဝါတွေကို ရောင်စုံမီးတွေနဲ့ ပုံဖော်ထားပြီး ပင်လယ်ရေအောက်ပတ်ဝန်းကျင် အငွေ့အသက်တွေကိုလည်း ထည့်သွင်းပုံဖော်ထားပါသေးတယ်။
အများပြည်သူတွေ လာရောက်ကြည့်ရှုဖို့ အဲဒီမီးထွန်းပွဲတော်ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၉ ရက်အထိ ဖွင့်လှစ်သွားမှာပါ။
ကမ္ဘာပေါ်မှာ တည်ရှိတဲ့ သစ်ပင်၊ အင်းဆက်နဲ့ တိရစ္ဆာန်မျိုးစိတ်ပေါင်း ခန့်မှန်းခြေ ၈ သန်း ရှိတဲ့အနက် ၁ သန်းလောက်ဟာ လာမယ့်ဆယ်စုနှစ်များစွာအတွင်း မျိုးတုံးပျောက်ကွယ်မယ့် အန္တရာယ် ရင်ဆိုင်နေရတယ်လို့ ဇီဝမျိုးကွဲနဲ့ ဂေဟစနစ်ဆိုင်ရာအဖွဲ့ (IPBES) က မေလမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။
Photo : REUTERS/Charles Platiau