ပုသိမ်က တရားခံပြေး ရန်ကုန်တွင် ဖမ်းမိ
DVB
·
November 16, 2019
ပုသိမ်မြို့နယ်မြေရဲစခန်းက တရားခံပြေးအဖြစ် ကြေညာထားသူကို ရန်ကုန်တိုင်းသင်္ဃန်းကျွန်းမြို့နယ်က ကြီးပွားရေးရပ်ကွက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ပုသိမ်မြို့ မြို့မရဲစခန်းက သိရပါတယ်။
ထွက်ပြေးလွတ်မြောက်နေပြီး ရန်ကုန်ကို ရောက်နေတဲ့ ရဲဇော်ဆိုတဲ့ တရားခံပြေးကို ဖမ်းဆီးရမိရေး အကူအညီတောင်းခံထားတာကြောင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ရှာဖွေဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
သတင်းအရ ပူးပေါင်းအဖွဲ့ဟာ ကြီးပွားရေးရပ်ကွက် သံသုမာလမ်းမှာ စောင့်နေချိန် လမ်းလျှောက်လာတဲ့ ရဲဇော်ကို နိုဝင်ဘာ ၁၂ ရက် ညနေ ၃ နာရီမှာ ဖမ်းဆီးရမိခဲ့ပြီး ည ၉ နာရီကျော်မှာပဲ ပုသိမ်မြို့မရဲစခန်းကို ပို့ဆောင်ခဲ့တာပါ။