
Lead Story နိုင်ငံတကာ ရုပ်သံ သတင်း အားကစား
နိုင်ငံတကာ ခြေစမ်းပွဲတွင် အာဂျင်တီးနားက ဘရာဇီးကို အနိုင်ရ (ရုပ်သံဟိုက်လိုက်)
Email This Story :
မနေ့က ဆော်ဒီနိုင်ငံမှာ ယှဉ်ပြိုင်သွားတဲ့ ခြေစမ်းပွဲစဉ်မှာ အာဂျင်တီးနားက ဘရာဇီးကို တိုက်စစ်မှူး မက်ဆီသွင်းတဲ့ တလုံးတည်းသောဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဒီခြေစမ်းပွဲဟာ တိုက်စစ်မှူး မက်ဆီအတွက်တော့ ၃ လ ပွဲပယ်ခံရပြီး နောက်ပိုင်း ပထမဆုံး ပြန်ကစားခွင့်ရတဲ့ နိုင်ငံတကာ ပွဲစဉ်လည်း ဖြစ်ပါတယ်။
ဒီပွဲမှာ ဘရာဇီးက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ပေမယ့် ဂိုးပေါက်ကန်သွင်းခွင့်မှာတော့ အာဂျင်တီးနားက ပိုရခဲ့ပါတယ်။
ဘရာဇီး တိုက်စစ်မှူး ဂျေဆု ပွဲအစပိုင်းမှာ ပင်နယ်တီရပေမယ့် ဂိုးပေါက်လွဲသွားလို့ တဂိုး နစ်နာခဲ့ရပါတယ်။
အာဂျင်တီးနားအတွက် အနိုင်ဂိုးကို မက်ဆီက ပင်နယ်တီကနေပဲ သွင်းယူပြီး အနိုင်ရသွားပါတယ်။