ခမီရိုးရာ ကောက်သစ်စားပွဲ မြောက်ဦးမြို့နယ်တွင် ကျင်းပ
DVB
·
November 15, 2019
ရခိုင်မျိုးနွယ်စုဝင် ခမီးလူမျိုးတို့ရဲ့ ကောက်သစ်စားပွဲကို ရခိုင်ပြည်နယ် မြောက်ဦးမြို့ လောင်းချောင်းကျေးရွာမှာ နိုဝင်ဘာ ၁၅ ရက် တန်ဆောင်မုန်းလပြည်ကျော် ၄ ရက်မနက်က ကျင်းပပါတယ်။
ခမီလူမျိုးများစာပေနှင့် ယဉ်ကျေးမူကော်မတီဥက္ကဋ္ဌ ဦးလေးကျော်အောင်က "ခမီလူမျိုးတို့၏ ရိုးရာဓလေ့အရ ကောက်သစ်စားပွဲက တန်ဆောင်မုန်းလပြည်ကျော် ၄ ရက်နေ့ကို သတ်မှတ်ထား တယ်။ အခုအချိန်က တောင်ယာစပါးတွေ ရိတ်သိမ်းလို့ပြီးစီးချိန်မှာ ထွက်ရှိတဲ့ ကောက်ဦးကောက်သစ်တွေကို ချက်ပြုတ်စားသောက်ကြတဲ့ ရိုးရာပွဲတခု ဖြစ်ပါတယ်။ ရိုးရာဓလေ့အရ ခေါင်ရည်သောက်ကြတယ်။ ဝက်တကောင်နဲ့ ကြက် တစုံပါ သတ်ဖြတ်ချက်ပြုတ်ပြီး ကောက်သစ်နဲ့ စားသောက်ကြတယ်"လို့ ပြောပါတယ်။
အခုကျင်းပတဲ့ ကောက်ဦးစားပွဲဟာ ၄ ကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်ကို မြောက်ဦးမြို့ လောင်းချောင်းကျေးရွာ၊ ဒုတိယအကြိမ်ကို မြောက်ဦးမြို့နယ်-အကြီးတော်မကျေးရွာ၊ တတိယအကြိမ်ကို မြောက်ဦးမြို့နယ်-မောင်နမကျေးရွာ၊ ယခု စတ္တုထ အကြိမ်ကို မြောက်ဦးမြို့ လောင်းချောင်းကျေးရွာမှာ ကျင်းပတာပါ။
ရခိုင်ပြည်နယ်မှာ ခမီတိုင်းရင်းသား တသိန်းခန့်ရှိပြီး စစ်တွေမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ပုဏ္ဏား ကျွန်းမြို့ နယ်၊ မြောက်ဦးမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ အမ်းမြို့နယ်နဲ့ မောင်တောမြို့နယ် တွေမှာ နေထိုင်ကြပါတယ်။
ကောင်းကောင်း