A d v e r t i s e m e n t With Us

ယူကျုဘ်ပေါ် ကြည့်ရှုသူ သန်း ၁၀၀ ကျော်ရှိနေသည့် Charlie’s Angels ရုပ်ရှင် ဇာတ်ဝင်တေး (ရုပ်သံ)

ခုတပတ် ရုံတင်ပြသတော့မယ့် နာမည်ကြီးရုပ်ရှင် Charlie’s Angels ထဲမှာ ပါဝင်တဲ့ ရုပ်ရှင်ဇာတ်ဝင်တေးဟာ ပရိသတ်တွေကြား လတ်တလော ရေပန်းစားနေပါတယ်။        “Don’t Call Me Angel” လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ နာမည်ကျော် အမျိုးသမီး တေးသံရှင်တွေ ဖြစ်ကြတဲ့ Ariana Grande ၊ Miley Cyrus နဲ့ Lana Del Rey တို့က ပူးပေါင်းသီဆိုထားခဲ့ကြတာပါ။ ဒီဇာတ်ဝင်တေး ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အဆိုတော် ၃ ယောက်ရဲ့ အိန်ဂျယ်လ်တွေလို အလန်းစား အမိုက်စား အပြင်အဆင်တွေနဲ့အတူ သီဆိုသရုပ်ဆောင်ထားခဲ့ကြတာပါ။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကားရဲ့ ဇာတ်ဝင်တေးကို ယူကျုဘ်ပေါ်မှာ ဝင်ရောက်ကြည့်ရှု ကြတဲ့ အကြိမ်ရေ သန်း ၁၀၀ ကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဟောလိဝုဒ် စွန့်စားမှုအက်ရှင် ဇာတ်မြူးရုပ်ရှင်ကားတကားအနေနဲ့ ရိုက်ကူးထားတဲ့ Charlie’s Angels ရုပ်ရှင်ကိုတော့ အမေရိကန် သရုပ်ဆောင်မင်းသမီး Elizabeth Banks က ဒါရိုက်တာအဖြစ် ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး ကိုယ်တိုင်လည်း ပါဝင် သရုပ်ဆောင်ထားခဲ့တာပါ။ ဒီကားကိုတော့ Sony Pictures Releasing ကနေ ဖြန့်ချိမှာပါ။ ဒီကားဟာ လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်မှာ ထွက်ရှိခဲ့ပြီး အောင်မြင်မှုရရှိခဲ့တဲ့  Charlie’s Angels ၊ ၂၀၀၃ ခုနှစ်မှာ ထပ်ပြီး ထွက်ရှိခဲ့တဲ့ Charlie’s Angels: Full Throttle ရုပ်ရှင်ကားတွေရဲ့ နောက် တတိယမြောက်ရုပ်ရှင်အနေနဲ့ ထွက်ရှိလာခဲ့တာပါ။ Charlie’s Angels ရုပ်ရှင်ကားတွေရဲ့ ထုံးစံအတိုင်းပဲ ချောမောလှပပြီး ဆွဲဆောင်မှုရှိတဲ့ အလွတ်တန်း ကြေးစားစုံထောက်အမျိုးသမီး ၃ ယောက်ရဲ့ အက်ရှင်အပစ်အခတ် ဇာတ်ဝင်ခန်းတွေနဲ့ ဘယ်လို ပုံဖော်ရိုက်ကူးထားမလဲ ဆိုတာကိုတော့ ဒီကားထဲမှာ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ Twilight ရုပ်ရှင် Series တွေနဲ့ နာမည်ကြီးတဲ့ ဟောလိဝုဒ်သရုပ်ဆောင်မင်းသမီး Kristen Stewart၊ သိပ်မကြာသေးခင်ကမှ ရုံတင်ပြသခဲ့တဲ့ Aladdin ဇာတ်မြူးရုပ်ရှင်နဲ့ ပရိသတ် လက်ခံအားပေးမှုရရှိထားတဲ့ သရုပ်ဆောင်မင်းသမီး Naomi Scott နဲ့ သရုပ်ဆောင်မင်းသမီး Ella Balinska တို့က ခေါင်းဆောင်ပါဝင်ထားကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up