Home
မြန်မာသတင်း
အမှတ်တရတက္ကသိုလ်သီချင်းတွေနဲ့ အပြိုင်ကြဲကြမယ့် မြန်မာအိုင်ဒေါ သီတင်းပတ်
DVB
·
November 14, 2019
ပရိသတ်တွေအကြား ရေပန်းစားအားပေးမှုတွေနဲ့ ရှေ့ဆက်လာခဲ့တဲ့ မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲကို ကျင်းပလာခဲ့တာ ခုတပတ်ဟာ တတိယမြောက်သီတင်းပတ် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ခုသီတင်းပတ်မှာတော့ Top Finalists ၁၀ ယောက်ဖြစ်ကြတဲ့ ယောကီး၊ ဘင်ဂျမင် ဆုန်း၊ နော်စေးစေးထူး၊ တန်ခွန်ကျော်၊ ထက်အဉ္စလီ၊ နှင်းအိအိဝင်း၊ အက်စတာဒေါ့သ်ချင်း ဆုန်၊ နေလင်းကျော်၊ မူးလာနဲ့ အေးမြဖြူတို့က အမှတ်တရ တက္ကသိုလ်သီချင်းတွေနဲ့ သီ ဆိုယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။ Myanmar Idol သီချင်းဆိုပြိုင်ပွဲကိုတော့ မြန်မာနိုင်ငံမှာ ရွှေသံလွင်ကုမ္ပဏီက စီစဉ်ပြီး ၂၀၁၆ ခုနှစ်မှာ Season 1 အဖြစ် ကျင်းပခဲ့ကာ Winner ဆုကိုတော့ စောလားထော်ဝါးက ရရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ရဲ့ Myanmar Idol Season 2 မှာတော့ Winner ဆုရှင်အဖြစ် သားငယ်က ရရှိခဲ့တာပါ။ ၂၀၁၈ ခုနှစ်ရဲ့ Myanmar Idol Season 3 နောက်ဆုံးအဆင့် ပြိုင်ပွဲကတော့ ပရိသတ်တွေကြား လှုပ်ခတ်စေခဲ့တဲ့ ပြိုင်ပွဲတခု ဖြစ်ခဲ့ပါတယ်။ ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ထိ ရောက်ရှိခဲ့ကြတဲ့  ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချိုတို့ကို အားပေးတဲ့ ပရိသတ်တွေအချင်းချင်းကြားမှာ အပြိုင်အဆိုင် အကြိတ်အနယ်ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြိုင်ပွဲနောက်ဆုံးနေ့မှာတော့ ကျန်းမာရေးကြောင့် ချမ်းမြေ့မောင်ချိုက ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ပဲ Winner ဆုကို ဖြိုးမြတ်အောင်က ရရှိသွားခဲ့တာ ဖြစ်ပါတယ်။        Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တွေအနေနဲ့ အခုနှစ်မှာတော့ အဆိုတော် အောင်ကိုလတ်၊ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က အကဲဖြတ်အမှတ်ပေး နေကြတာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ Host အနေနဲ့ ပါဝင်မယ့်သူကတော့ Myanmar Idol Season ၃ ခုလုံးမှာ ပါဝင်တင်ဆက်ပေးခဲ့တဲ့ ကျော်ထက်အောင်ဖြစ်ပြီး ထင်ရှားတဲ့ ဒိုင်တဦးဖြစ်တဲ့ မြန်မာပြည် သိန်းတန် ကတော့ အခုနှစ်မှာ မပါဝင်တော့ပါဘူး။ အခုနှစ်ရဲ့ ပထမသီတင်းပါတ် Performance Show မှာတော့ ပြိုင်ပွဲဝင် Top Finalists ၁၁ ယောက်က စိတ်ကြိုက်သီချင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ကြပြီး ပရိသတ်ပေးတဲ့ မဲ တွေနဲ့ ဆုံးဖြတ်ချိန်မှာတော့ ပြိုင်ပွဲဝင်တဦးဖြစ်တဲ့ အလှမယ် ခြူးစစ်ဟန်က နှုတ်ဆက် ထွက်ခွာသွားခဲ့ရတာပါ။ ဒုတိယမြောက် ရော့ခ်သီချင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ကြရတဲ့ သီတင်းပါတ်မှာတော့ ပြိုင် ပွဲဝင် ၁၀ ယောက်က အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြရပြီး ပရိသတ်ပေးတဲ့ မဲအနည်း အများနဲ့ နှုတ်ဆက်ထွက်ခွာရမယ့်သူကို ကြေညာရာမှာ ပြိုင်ပွဲဝင် နော်စေးစေးထူးက မဲအနည်းဆုံး ဖြစ်နေခဲ့တာပါ။ ဒါပေမယ့် သူ့ကို ဒိုင် ၃ ယောက်က Save လုပ်ခဲ့တဲ့အတွက် နောက်တဆင့်မှာ ထပ် မံ ပါဝင်လာနိုင်ခဲ့တာမို့ ခုတပါတ်ရဲ့ တက္ကသိုလ်သီချင်းတွေနဲ့ ညမှာတော့ ပြိုင်ပွဲဝင်တွေ ထဲက ၂ ယောက်ကတော့ လက်ပြနှုတ်ဆက်ရတော့မှာ ဖြစ်ပါတယ်။ နောက်တဆင့်ကို ဘယ်သူတွေက တက်လှမ်းသွားနိုင်မလဲ၊ ဘယ်ပြိုင်ပွဲဝင် ၂ ယောက်ကတော့ နှုတ်ဆက်ထွက်ခွာသွားရမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရ မှာပဲ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024