Homeမြန်မာသတင်း
အလင်းရောင်နှင့် မိုးဟေကိုပါဝင်သည့် မိတင်စိန်ရုပ်ရှင် ပြင်ဦးလွင်တွင် စတင်ရိုက်ကူး(ဓာတ်ပုံ)
အလင်းရောင်နှင့် မိုးဟေကိုပါဝင်သည့် မိတင်စိန်ရုပ်ရှင် ပြင်ဦးလွင်တွင် စတင်ရိုက်ကူး(ဓာတ်ပုံ)
DVB
·
November 13, 2019
လူငယ်သရုပ်ဆောင်မင်းသား အလင်းရောင်နဲ့ မင်းသမီး မိုးဟေကိုတို့ ခေါင်း ဆောင်ပါဝင်တဲ့ မိတင်စိန်ရုပ်ရှင်ကို ပြင်ဦးလွင်မြို့မှာ စတင်ရိုက်ကူးနေပြီ ဖြစ်ပါတယ်။
ဒီကားကိုတော့ Love 2 Film Production က စီစဉ်ပြီး ရှင်မိုးရဲ့ ဝတ္ထုကို ဒါရိုက်တာ ဝိုင်းက ရိုက်ကူးနေတာ ဖြစ်ပါတယ်။
ဒီဇာတ်လမ်းကို ဒါရိုက်တာ ဝိုင်းကပဲ ဗီးနပ်(စ်)ရဲ့… လပ်(ဖ်)အမည် နဲ့ဗွီဒီယိုဇာတ်ကားအနေနဲ့ ရိုက်ကူးခဲ့ဖူးပြီး အဲဒီကားမှာတော့ သရုပ်ဆောင် ဟိန်းဝေယံနဲ့ သက်မွန်မြင့်တို့က ခေါင်းဆောင် ပါဝင်ခဲ့တာပါ။
ခုတခါမှာတော့ အရင်ကားထဲက သူတို့ ၂ ယောက်လုံး မပါဝင်တော့ပဲ အဓိက သရုပ်ဆောင် ၂ ယောက်ဖြစ်တဲ့ အလင်းရောင်၊ မိုးဟေကိုတို့နဲ့ ရိုက်ကူးနေတာဖြစ်ပါတယ်။
ရုပ်ရှင်ကား ကန်တော့ပွဲပေးတဲ့ ပုံရိပ်တွေကိုတော့ ဒါရိုက်တာဝိုင်းက “မိတင်စိန်… စတင်ရိုက်ကူးပါပြီ”လို့ ရေးပြီး သူ့ရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ် မှတဆင့် မျှဝေထားခဲ့တာ ဖြစ်ပါတယ်။