ကုလသမဂ္ဂအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို ၉ ကြိမ်မြောက်လာရောက်
DVB
·
November 13, 2019
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်း ရွှာနာဘာဂီနာဟာ မနေ့ညက ထိုင်းနိုင်ငံကနေ နေပြည်တော်ကို လေကြောင်းခရီးနဲ့ ရောက် ရှိလာတယ်လို့ အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။
အထူးကိုယ်စားလှယ်ကို နိုင်ငံခြားရေး ဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးနဲ့ တာဝန်ရှိသူတွေက နေပြည်တော် လေဆိပ်မှာ ကြိုဆိုခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
အထူးကိုယ်စားလှယ်ရဲ့ အခုတခေါက် မြန်မာနိုင်ငံခရီးစဉ်ဟာ ၉ ကြိမ်မြောက် ခရီးစဉ်ဖြစ်ပြီး နိုင်ငံတကာတရားရုံး (အိုင်စီဂျေ)မှာ မြန်မာနို်ငငံကို လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ တရားစွဲထားချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
ဓာတ်ပုံ- MOI