ယူရီးယားဓာတ်မြေဩဇာများ တောင်သူများထံ တိုက်ရိုက်ရောင်းချမည်
DVB
·
January 23, 2013
အစိုးရထုတ် ယူရီးယားဓာတ်မြေဩဇာတွေကို သက်ဆိုင်ရာမြို့နယ်တွေကတဆင့် တောင်သူတွေထံ တိုက်ရိုက် ဖြန့်ဖြူးရောင်းချသွားမယ်လို့ သက်ဆိုင်ရာက တရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်။
လက်ငင်းပေးစနစ်နဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး ဈေးသက်သာတဲ့ အစိုးရထုတ် ဓာတ်မြေဩဇာတွေကို အမှန်သုံးစွဲတဲ့ တောင်သူတွေထံ ကြားခံအဆင့် အနည်းဆုံးနဲ့ ရောက်ရှိစေမယ့် နည်းလမ်းအဖြစ် တိုက်ရိုက်ဖြန့်ဖြူးတဲ့စနစ် ပြောင်းလဲလုပ်ဆောင်တာလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ပြည်တွင်းမှာ ဓာတ်မြေဩဇာ သုံးစွဲမှုပမာဏ တန်ချိန် ၆ သိန်းလောက်ရှိပြီး၊ အစိုးရပိုင်စက်ရုံတွေက တန်ချိန် ၂ သိန်းလောက်ပဲ ထုတ်ပေးနိုင်တယ်လို့ တောင်သူလယ်သမား အသင်းက ပြောပါတယ်။