A d v e r t i s e m e n t With Us

ယူရီးယားဓာတ်မြေဩဇာများ တောင်သူများထံ တိုက်ရိုက်ရောင်းချမည်

အစိုးရထုတ် ယူရီးယားဓာတ်မြေဩဇာတွေကို သက်ဆိုင်ရာမြို့နယ်တွေကတဆင့် တောင်သူတွေထံ တိုက်ရိုက် ဖြန့်ဖြူးရောင်းချသွားမယ်လို့ သက်ဆိုင်ရာက တရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်။ လက်ငင်းပေးစနစ်နဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး ဈေးသက်သာတဲ့ အစိုးရထုတ် ဓာတ်မြေဩဇာတွေကို အမှန်သုံးစွဲတဲ့ တောင်သူတွေထံ ကြားခံအဆင့် အနည်းဆုံးနဲ့ ရောက်ရှိစေမယ့် နည်းလမ်းအဖြစ် တိုက်ရိုက်ဖြန့်ဖြူးတဲ့စနစ် ပြောင်းလဲလုပ်ဆောင်တာလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ပြည်တွင်းမှာ ဓာတ်မြေဩဇာ သုံးစွဲမှုပမာဏ တန်ချိန် ၆ သိန်းလောက်ရှိပြီး၊ အစိုးရပိုင်စက်ရုံတွေက တန်ချိန် ၂ သိန်းလောက်ပဲ ထုတ်ပေးနိုင်တယ်လို့ တောင်သူလယ်သမား အသင်းက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up