နမ့်စန်မြို့အနီး အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၂ ရှိ ငလျင်လှုပ်
DVB
·
November 13, 2019
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နားမှာ ဒီနေ့မနက်ပိုင်းက မြေ ငလျင်တခုလှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
မနက် ၉ နာရီခွဲကျော်အချိန်က တောင်ကြီးမြေငလျင်စခန်းက အရှေ့-အရှေ့မြောက်ဘက် ၄၉ မိုင်လောက်၊ နမ့်စန်မြို့ရဲ့မြောက်ဘက် ၁၃ မိုင်လောက်အကွာကို ဗဟိုပြုပြီး အနက် ၁၀ ကီလိုမီတာမှာ ပြင်းအား ရစ်(ခ်)တာစကေး ၄ ဒသမ ၂ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ ငလျင်တခုလှုပ်ရှားသွားတာကို တိုင်းထွာရတယ်လို့ ဆိုပါတယ်။