A d v e r t i s e m e n t With Us

နာမည်ကြီး ဟောလိဝုဒ်ရုပ်ရှင် Charlie’s Angels နိုဝင်ဘာ ၁၅ ရုံ တင်မည်(ရုပ်ရှင်နမူနာ)

ဟောလိဝုဒ် စွန့်စားမှုအက်ရှင်ဇာတ်မြူးရုပ်ရှင်ကားတကားဖြစ်တဲ့ Charlie’s Angels ကို လာမယ့် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ အမေရိကန် သရုပ်ဆောင်မင်းသမီး Elizabeth Banks က ဒါရိုက်တာအဖြစ် ရိုက်ကူး ပုံဖော်ပေးထားတာဖြစ်ပြီး ကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ထားခဲ့တာပါ။ ဒီကားကိုတော့ Sony Pictures Releasing ကနေ ဖြန့်ချိမှာ ဖြစ်ပါ တယ်။ ဒီကားဟာ လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်မှာ ထွက်ရှိခဲ့ပြီး အောင်မြင်မှုရရှိခဲ့တဲ့  Charlie’s Angels ၊ ၂၀၀၃ ခုနှစ်မှာ ထပ်ပြီး ထွက်ရှိခဲ့တဲ့ Charlie’s Angels: Full Throttle ရုပ်ရှင်ကားတွေရဲ့ နောက် တတိယမြောက်ရုပ်ရှင်အနေနဲ့ ထွက်ရှိလာခဲ့တာပါ။ Charlie’s Angels ရုပ်ရှင်ကားတွေရဲ့ ထုံးစံအတိုင်းပဲ ချောမောလှပပြီး ဆွဲ ဆောင်မှုရှိတဲ့ အလွတ်တန်း ကြေးစားစုံထောက်အမျိုးသမီး ၃ ယောက်ရဲ့ အက်ရှင်အပစ်အခတ် ဇာတ်ဝင်ခန်းတွေနဲ့ ဘယ်လို ပုံဖော်ရိုက်ကူးထားမလဲ ဆိုတာကိုတော့ ဒီကားထဲမှာ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ Twilight ရုပ်ရှင် Series တွေနဲ့ နာမည်ကြီးတဲ့ ဟောလိဝုဒ်သရုပ်ဆောင်မင်းသမီး Kristen Stewart ၊ သိပ်မကြာသေးခင်ကမှ ရုံတင်ပြသခဲ့တဲ့ Aladdin ဇာတ်မြူးရုပ်ရှင်နဲ့ ပရိသတ် လက်ခံအားပေးမှုရရှိထားတဲ့ သရုပ်ဆောင်မင်းသမီး Naomi Scott နဲ့ သရုပ်ဆောင်မင်းသမီး Ella Balinska တို့က ခေါင်းဆောင်ပါဝင်ထားကြတာပါ။ ဒီရုပ်ရှင်ကားထဲမှာတော့ နာမည်ကြီး အဆိုတော်တွေဖြစ်ကြတဲ့ Ariana Grande ၊ Miley Cyrus နဲ့ Lana Del Rey တို့ ပူးပေါင်းသီဆိုထားတဲ့ "Don't Call Me Angel" အပါအဝင် တခြားဇာတ်ဝင်သီချင်းနဲ့ တေးဂီတပိုင်းဆိုင်ရာ Soundtracks တွေကိုလည်း ထည့်သွင်းထားခဲ့တာပါ။ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ အပစ်အခတ် ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေဟာ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့ မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ အရင်ရုပ်ရှင်ကားတွေဟာ ပရိသတ်အားပေးမှုနဲ့ ရုံပြည့်ရုံလျှံအားပေးမှုတွေ ရရှိခဲ့ပြီး Box Office ဝင်ငွေစံချိန်တင် ရရှိခဲ့တာမို့ ခုအသစ်ထွက်ရှိလာတဲ့ ရုပ်ရှင်ကရော စံချိန်ချိုးနိုင်ပါ့မလား ဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။ ကြာမြင့်ချိန် ၁၁၉ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ ဒီကားကိုတော့ ဘတ်ဂျက် အမေရိကန်ဒ ဒေါ်လာ ၄၈ သန်း အကုန်အကျခံ ရိုက်ကူးထားတာဖြစ်ပြီး ရုံတင်ပြသမယ့် ပထမ သီတင်းပတ်မှာတင် အမေရိကန်နဲ့ ကနေဒါမှာ ဝင်ငွေအမေရိကန်ဒေါ်လာ ၁၂ သန်းကနေ ၁၆ သန်းကြား ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up