Homeရုပ်သံ
နေထူးနိုင်၊ လွှမ်းပိုင်နှင့် အိချောပိုပါဝင်သည့် ရပ်ကျော်ရွာကျော် နိုဝင်ဘာ ၁၄ ရုံတင်မည်(နမူနာ)
နေထူးနိုင်၊ လွှမ်းပိုင်နှင့် အိချောပိုပါဝင်သည့် ရပ်ကျော်ရွာကျော် နိုဝင်ဘာ ၁၄ ရုံတင်မည်(နမူနာ)
DVB
·
November 12, 2019
သရုပ်ဆောင်မင်းသား နေထူးနိုင်၊ လွှမ်းပိုင်နဲ့ မင်းသမီး အိချောပိုတို့ ခေါင်းဆောင် ပါဝင်ထားကြတဲ့ ရပ်ကျော်ရွာကျော်ရုပ်ရှင်ကို လာမယ့် နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ရုံတင် ပြသတော့မှာ ဖြစ်ပါတယ်။
ချင်းတွင်းတာရာရဲ့ ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက်တာ ဩရသက ရိုက်ကူးပုံဖော် ပေးထားတဲ့ ဒီရုပ်ရှင်ကိုတော့ ဘိုဘိုရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာ ဖြစ်ပါ တယ်။
ရပ်ကျော် ရွာကျော်ဆိုတဲ့အတိုင်း ဘယ်လို ကမောက်ကမတွေ၊ အလွဲအချော်ဇာတ် လမ်းဇာတ်ကွက်တွေနဲ့ ဟာသရုပ်ရှင်ကားတကားအနေနဲ့ ရိုက်ကူးပုံဖော်ထားမလဲဆိုတာ ကိုတော့ ဒီကားထဲမှာ စောင့်မျှော်ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။
ဒီကားထဲမှာ တခြားသရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ နန်းမြတ်ဖြိုး သင်း၊ ကျော်ရဲအောင်၊ နေမျိုးအောင်၊ ကြက်ဖ၊ ခင်ဇာခြည်ကျော်၊ ကြည်လဲ့လဲ့ဦးစတဲ့ သရုပ် ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာပါ။
လွှမ်းပိုင်ဟာ ခုနောက်ပိုင်း ရုပ်ရှင်ကားတွေ အတော်များများ ရိုက်ကူးလာနေပြီး ပရိသတ်တွေ လက်ခံအားပေးမှုရရှိထားခဲ့သူပါ။
ခုလက်ရှိ ဒီကားထဲမှာ နေထူးနိုင်နဲ့ တွဲဖက်သရုပ်ဆောင်မှုနဲ့အတူ အဆိုတော် တဦး ဖြစ်တဲ့ ကြက်ဖနဲ့အတူတွဲ သီဆိုထားခဲ့တဲ့ ရုပ်ရှင်ဇာတ်ဝင်တေးကလည်း ပရိသတ်တွေကို စိတ်ဝင်စားစေခဲ့တာပါ။
လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သန်းခွဲကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။