Home
မြန်မာသတင်း
မြန်မာ့ပုန်းရည်ကြီးကို ဩစတြေးလျ လေ့လာ 
DVB
·
November 12, 2019
ပုဂံဒေသက ပုန်းရည်ကြီးထုတ်လုပ်တဲ့လုပ်ငန်းကို ဩစတြေးလျသံရုံးဝန်ထမ်းတွေက သွားရောက်လေ့လာခဲ့တယ်လို့ ရန်ကုန်အခြေအစိုက် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံရုံးက သတင်းထုတ်ပြန်ပါတယ်။ မြန်မာပုန်းရည်ကြီးဟာ ဩစတြေးလျရဲ့ vegemite နဲ့ ဆင်တူလို့ ဩစတြေးလျန်းတွေကြားမှာ MyanMite လို့ လူသိများတဲ့အကြောင်းနဲ အရင်းနည်းနည်း၊ အမြတ်များများရစေတဲ့ ပုဂံဒေသက ပုန်းရည်ကြီးထုတ်လုပ်တဲ့လုပ်ငန်းကို ဩစတြေးလျသံရုံးဝန်ထမ်းတွေ သွားရောက်လေ့လာခဲ့တဲ့ အကြောင်း သတင်းမှာဖော်ပြပါတယ်။ ပုန်းရည်ကြီးကို ပဲပိစပ်ကနေ ထုတ်လုပ်ပြီး ပဲပိစပ်ဟာ ခြောက်သွေ့ပြီးသဲဆန်တဲ့ မြေမှာ ရှင်သန်ပေမယ့်  ပဲပုပ်နဲ့ ပဲတီစိမ်းတို့အတွက်တော့ ရှင်သန်ဖို့ ခက်ခဲတယ်လို့ဆိုပါတယ်။ The Australian Centre for International Agricultural Research (ACIAR) ဟာလည်း မြန်မာနိုင်ငံမှ စိုက်ပျိုးရေးသုတေသနနဲ့ ပူးပေါင်းပြီး ပဲအခြေခံစိုက်ပျိုးရေးစနစ် အထွက်နှုံန်းတိုးစေဖို့ သုတေသနပြုလုပ်ခဲ့တယ်လို့ သံရုံးထုတ်ပြန်ချက်အရ သိရပါတယ်။ ဓာတ်ပုံ- Australian Embassy
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024