မွေတော်ကက္ကူစေတီတော်သို့ လာရောက်ဖူးမြော်သည့် ခရီးသွားဧည့်သည်များပြား
အောင်ကိုကိုလတ် (နေပြည်တော်)
·
November 11, 2019
တန်ဆောင်တိုင်ကာလမှာ တောင်ကြီးမြို့ကနေ ကားနဲ့ ၁ နာရီလောက်ပဲ ဝေးတဲ့ မွေတော်ကက္ကူစေတီတော်ကို ဒေသခံတွေနဲ့ နယ်အရပ်ရပ်ရပ်က လာရောက်ဖူးမြော်တဲ့ ခရီးသွားဧည့်သည်တွေ များပြားနေပါတယ်။
ဘုရားဖူးဧည့်သည်တွေဟာဆိုရင် တောင်ကြီးမြို့မှာ နှစ်စဉ်ကျင်းပတဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲကို လာရောက်ကြည့်ရှုရင်းနဲ့ မွေတော်ကက္ကူစေတီတော်ကို သွားရောက် ဖူးမြော် ကြတာဖြစ်ပါတယ်။
"ကျနော်က ဧရာဝတီဘက်ကဗျ။ မီးပုံးပျံပွဲ လာကြည့်တာ။ အဲ့ပွဲက နေ့ဘက် ညဘက်မှဆိုတော့ အချိန်လေးရတုန်း လာဖူးတာဗျ။ ဒါပြီးရင် ထမ့်စမ်းဂူဘက်လဲ သွားဦးမှာ"လို့ ဘုရားဖူးလာသူ ကိုအေးစိုးကပြောပါတယ်။
မွေတော်ကက္ကူစေတီမှာဆိုရင် ဒေသခံ တိုင်းရင်းသားတွေရဲ့ ကထိန်ခင်းတာတွေနဲ့ ဘုရားဝင်းအတွင်းက စျေးထဲမှာလဲ ရာသီပေါ် ဟင်းသီး ဟင်းရွက် အသီးအနှံ့တွေ / ဒေသထွက် ရိုးရာ ကုန်ခြောက်ပစ္စည်းတွေ ရောင်းချဝယ်ယူမှုတွေနဲ့ စည်ကားနေပါတယ်။