မင်းလှမြို့က ရိုးရာအစဉ်အလာမပျက် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲ
DVB
·
November 11, 2019
ရိုးရာအစဉ်အလာ ပြန်လည်ဖော်ထုတ်တဲ့အနေနဲ့ တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကို မကွေးတိုင်းဒေသကြီးမင်းလှမြို့ အမှတ်(၃)တောင်ရပ်ကွက် ပြည်သူတွေက ဦးဆောင်ပြီး မနေ့က ကျင်းပပါတယ်။
လှေပြိုင်ပွဲကနေ စုပေါင်းညီညာစွာဆောင်ရွက်တဲ့ စိတ်ဓာတ်တွေရရှိပြီး ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာမှာလည်း စည်းလုံးညီညွတ်တဲ့စိတ်ဓာတ်မျိုးတွေ မွေးမြူနိုင်ရေးအတွက် ရည်ရွယ် ကျင်းပတာ ဖြစ်ပါတယ်။
လှေလှော်ပြိုင်ပွဲဖြစ်မြောက်ရေးအဖွဲ့ဝင် ဦးရဲမြင့်က“လှေလှော်ပြိုင်တယ်ဆိုတာ တဦးတယောက် ကောင်းနဲ့ ဆောင်ရွက်လို့ မရဘူး။ အားလုံးညီညာဖျဖျနဲ့ ပူးပေါင်းဆောင်ရွက်ရတာ ဖြစ်တယ်။ ပြည်သူတွေစည်းလုံးညီညွတ်မယ်ဆိုရင် ခေတ်မှီတိုးတက်တဲ့ နိုင်ငံတော်ကြီး ဖြစ်လာမှာ”လို့ ပြောပါတယ်။
ရပ်မိရပ်ဖ ဦးမြသောင်းကလည်း “လှေလှော်ပြိုင်တယ်ဆိုတာ စည်းလုံးညီညွတ်မှုတွေ ရရှိတယ်”လို့ ပြောပါတယ်။
တတိယအကြိမ်မြောက်ကျင်းပတဲ့ လှေပြိုင်ပွဲမှာ အသင်း ၁၁ သင်းပတ်လည်ယှဉ်ပြိုင်ကြပြီး ပထမဆု ကျင်၂ သိန်း၊ ဒုတိယဆု ငွေ ၁ သိန်းခွဲ၊ တတိယဆု ငွေ ၁သိန်းနဲ့နှစ်သိမ့်ဆုအဖြစ်ပြိုင်ပွဲဝင် အသင်းအားလုံး ငွေ ၂ သောင်းစီ ဆုချီးမြှင့် ပါတယ်။
သတင်း- ဘဦး