နေပြည်တော် ရေပန်းဥယျာဉ်တွင် မိုင်းဟုဆရသည့် မသင်္ကာဖွယ်ရာအထုပ်တွေ့ရှိ
အောင်ကိုကိုလတ် (နေပြည်တော်)
·
November 11, 2019
နေပြည်တော်၊ သပြေကုန်းမှာရှိတဲ့ ရေပန်းဥယျာဉ်အတွင်းမှာ နိုဝင်ဘာ ၁၀ ရက်နေ့က မိုင်းလို့ ယူဆရတဲ့ မသင်္ကာဖွယ်ရာ အထုပ်တထုပ်ကို စည်ပင်လုံခြုံရေးဝန်ထမ်းတဦးက တွေ့ရှိခဲ့ပါတယ်။
ရေပန်းဥယျာဉ်ထဲက ဗိုလ်ကတော်မျက်ခုံးပင်အောက်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး အထုပ်ထဲမှာတော့ ဖောက်ခွဲရာမှာအသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကိုတွေ့ရပြီး မိုင်းဟုတ်မဟုတ်ကိုတော့ အသေအချာ မသိရသေးပါဘူး။
စည်ပင်ဝန်ထမ်းက သက်ဆိုင်ရာကို အကြောင်းကြားခဲ့တဲ့အတွက် အခင်းဖြစ်တဲ့ နေရာကို လုံ/နယ်ဝန်ကြီး အပါအဝင် အမှတ် (၃) စစ်ဗျူဟာမှူး၊ မှုခင်းရဲတပ်ဖွဲ့တွေနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးတွေကလည်း လာရောက်စစ်ဆေးသွားပါတယ်။