ပဲခူး ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်တွင် အရက်သောက်သူများ ဖမ်းခံရ
DVB
·
November 10, 2019
ပဲခူးမြို့ပေါ် ရုံးကြီးရပ်ကွက်က ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်မှာ မနေ့ညသန်းခေါင်ကျော်အချိန် အရက်သေစာသောက်စားနေသူ ၇ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
အဲဒီည ၁၂ နာရီကျော်လောက်က သူတို့ ၇ ဦးဟာ ရန်ကုန်-မန္တလေးကားလမ်းဘေး ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်မှာ ဝိုင်းဖွဲ့စားသောက်နေချိန် လှည့်ကင်းတပ်ဖွဲ့နဲ့တွေ့ပြီး ဖမ်းဆီးခံရတာပါ။
အခုဖြစ်စဉ်နဲ့ပတ်သက်လို့ ဝိုင်းဖွဲ့ပြီး အရက်သေစာသောက်စားနေသူ ဦးကျော်မိုးပါ ၇ ဦးကို ပဲခူးမြို့ မြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၇ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
အောင်စိုးမိုး