မိုးကုတ်၌ စိတ်ကြွဆေးပြား ၄ သောင်းကျော် ဖမ်းမိ
DVB
·
November 10, 2019
မန္တလေးတိုင်း မိုးကုတ်မြို့နယ်မှာ နိုဝင်ဘာ ၉ ရက်က စိတ်ကြွဆေးပြား ၄ သောင်းကျော် ဖမ်းဆီးမိဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
မိုးကုတ်မြို့နယ် လယ်ကြီးတံတားရဲကင်းရှေ့မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့က စစ်ဆေးရှာဖွေစဉ် မိုင်းလုံက မိုးကုတ်ဘက်ကို အိုက်နိုင်(ခ)ကျော်လွန်ဦး မောင်းလာတဲ့ ဆိုင်ကယ်ပေါ်က WY စိတ်ကြွဆေးပြား ၄၅၇၉၀ ပြားကို သိမ်းဆည်းရမိခဲ့တာပါ။
အခုလို သိမ်းဆည်းရမိတာနဲ့ပတ်သက်လို့ ဆိုက်ကယ်မောင်းသူ အိုက်နိုင်(ခ)ကျော်လွန်ဦးကို မိုးကုတ်မြို့မရဲစခန်းက မယ(ပ)၁၃၆/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)နဲ့အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။