မိုင်းဆတ်တွင် စိတ်ကြွဆေးပြားရိုက်ရာတွင် သုံးသည့်ပစ္စည်းများ ဖမ်းမိ
DVB
·
November 10, 2019
ရှမ်းပြည်နယ် မိုင်းဆတ်မြို့က မိုင်းဆတ်-တာချီလိတ်ကားလမ်းပေါ်မှာ ယာဉ် ၁ စီးကို စစ်ဆေး ရှာဖွေစဉ် စိတ်ကြွဆေးပြားရိုက်ရာမှာ သုံးတဲ့ မို ၆၆၀ ချောင်းနဲ့ ကြားခံသံတုံး ၃၂၀ တုံး ဖမ်းဆီးရမိခဲ့ပါတယ်။
နိုဝင်ဘာ ၈ ရက် ညနေပိုင်းက လွယ်ပါရင် ၁ ရွာအနီး တာချီလိတ်မှ မိုင်းဆတ်ဘက်ကို မောင်းလာတဲ့ PaJero ကားကို စစ်ရာမှာ ယာဉ်ရှေ့ခန်းနှင့်နောက်ခန်းအတွင်း သစ်သားပုံး ၁၁ ပုံးထဲက WY/Y1/A စာတမ်းမပါနှင့်စာတမ်းပါ မို ၆၆၀ ချောင်း၊ကြားခံ သံတုံး ၃၂၀ တုံးနဲ့ဖုန်း ၁ လုံးတို့နှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်လို့ ယာဉ်မောင်း အိုက်ခွပ်(ခ)လောင်အို့ကို မိုင်းတွမ်းနယ်မြေရဲစခန်းက မယ(ပ)၄၇/၂၀၁၉ မူး/စိတ်ပုဒ်မ ၁၆(ခ)ဖြင့် အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။