လိုက်ဇစ်က ဟာသာဘာလင်ကို ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

1.2K
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါပွဲစဉ်မှာ လိုက်ဇစ်အသင်းက ဟာသာဘာလင်ကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
အိမ်ရှင် ဟာသာဘာလင်က ၃၂ မိနစ်မှာ အမှတ်မထင် အဝေးကစ်နဲ့ ဦးဆောင်ဂိုး သွင်းယူပါတယ်။ သိပ်မကြာခင်မှာပဲ လိုက်ဇစ်အတွက် ချေပဂိုးကို ပင်နယ်တီကနေ ဝါနာက သွင်းယူပါတယ်။ တိုက်စစ်ပိုဆင်နိုင်တဲ့ လိုက်ဇစ်အတွက် ဒုတိယဂိုးကို ဆာဗစ်ဆာက သွင်းယူပါတယ်။
ခြေစွမ်းအသာနဲ့ ကစားနိုင်တဲ့ လိုက်ဇစ်အတွက် တတိယဂိုးကို ၈၅ မိနစ်မှာ ကန်ပယ်က သွင်းယူပါတယ်။ နောက်ဆုံး အပိတ်ဂိုးကို ဝါနာက အလွယ်အကူပဲ ကန်သွင်းယူပါတယ်။ အိမ်ရှင် ဟာသာဘာလင်အတွက် ဒုတိယ ချေပဂိုးကို အချိန်ပိုမိနစ်မှာ သွင်းယူခဲ့တာပါ။
ဒီပွဲနိုင်တဲ့ လိုက်ဇစ်က ၂၁ မှတ်နဲ့ အဆင့် ၂ နေရာကို တက်လှမ်းသွားပြီး ဟာသာဘာလင်ကတော့ ရမှတ် ၁၁ မှတ်နဲ့ အဆင့် ၁၂ မှာ ရပ်တည်နေပါတယ်။