ထောင်တွင်း ကိုယ်ဝန်ဆောင်နှင့် သားသည်မိခင်များကို ကူညီထောက်ပံ့မည်
DVB
·
January 22, 2013
ရန်ကုန် အင်းစိန်ထောင်ထဲမှာ အကျဉ်းကျခံနေရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သားသည် မိခင်တွေကို လိုအပ်တဲ့ ပစ္စည်းတွေ ကူညီထောက်ပံ့ပေးသွားမယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ဦးထွန်းကြည်က ဒီဗွီဘီကို ပြောပါတယ်။
နာမည်ကြီးအဆိုတော် ချမ်းချမ်း၊ ထွန်းအိန္ဒြာဗို အပါအ၀င် အဆိုတော်၊ သရုပ်ဆောင်၊ အထူးကုဆရာဝန်မကြီးတွေနဲ့ ထင်ရှားတဲ့အမျိုးသမီးတွေ ပါဝင်တဲ့ အဖွဲ့က ကူညီလိုတဲ့အတွက် ခုလို ဆောင်ရွက်ပေးရတာလို့ ဆိုပါတယ်။
ဒီလို အကူအညီနဲ့ အထောက်အပံ့ပေးနိုင်ဖို့အတွက် သက်ဆိုင်ရာ အကျဉ်းဦးစီးဌာန တာဝန်ရှိသူတွေကလည်း သဘောတူခဲ့ပြီး ကိုယ်ဝန်ဆောင်နဲ့ မိခင်အရေအတွက် ရပါက မကြာမီ အကူအညီပေးနိုင်တော့မှာ ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ဟာ အကျဉ်းကျနေတဲ့ အကျဉ်းသားများကို ကူညီထောက်ပံ့နေတဲ့ အဖွဲ့ဖြစ်ပြီး ကိုယ်ဝန်ဆောင်နဲ့ မိခင်တွေကို ကူညီတာ ကတော့ ဒါ ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း သိရပါတယ်။