ဘုရားကြီးမြို့တွင် ဘင်္ဂါလီ ၇ ဦး ဖမ်းမိ
DVB
·
November 9, 2019
ပဲခူတိုင်း၊ ဘုရားကြီးမြို့ ရွှေသံလွင်ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ အောက်တိုဘာ ၈ ရက်ညပိုင်းက Hiace ယာဉ်တစီးပေါ်ကနေ ဘင်္ဂါလီ ၇ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဘုရားကြီးနယ်မြေရဲစခန်းက သိရပါတယ်။
စစ်ဆေးရေးအဖွဲ့ဟာ ဝေါမြို့မှဘုရားကြီးမြို့ကို မောင်းလာတဲ့ Hiace အနက်ရောင်ယာဉ်ကို တားဆီးစစ်ဆေးခဲ့ရာ ယာဉ်မောင်း မင်းမင်းထွန်း၊ ဇနီးဖြစ်သူ မသိမ့်သိမ့်အေးတို့နဲ့အတူ ယာဉ်ပေါ်မှာ ဘင်္ဂါလီ ၇ ဦးကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဆက်လက်ပြီး မေးမြန်းရာ သထုံမှရန်ကုန်ကို ကြက်စာသယ်ရန်လာစဉ် သထုံမြို့နယ်၊ ကျိုက်ကော်ဈေးအရောက် အမည်မသိအမျိုးသား ၂ ဦးက ငွေသုံးသောင်းပေးကာ ဘင်္ဂါလီတွေကို ဘုရားကြီးလမ်းဆုံမှာ ချပေးဖို့ ပြောဆိုတာကြောင့် ခေါ်ဆောင်လာတာလို့ ဆိုပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်လို့ ယာဉ်မောင်း မင်းမင်းထွန်းနဲ့ ဇနီးတို့ကို ဥပဒေအရ အရေးယူဖို့ ဘုရားကြီးနယ်မြေရဲစခန်းက ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။