ကံမမြို့နယ်အတွင်း ဆိုင်ကယ် ရိုက်လုခံရ၊ ဆိုင်ကယ်မောင်းသူ သေဆုံး
DVB
·
November 9, 2019
မကွေးတိုင်း ကံမမြို့နယ်အတွင်း နိုဝင်ဘာ ၈ ရက်ညက အမျိုးသား ၂ ဦးစီးလာတဲ့ ဆိုင်ကယ် ရိုက်လုခံခဲ့ပြီး ဆိုင်ကယ်မောင်းသူ သေဆုံးခဲ့ရတယ်လို့ လူမှုကူညီရေးနှင့်အရေး ပေါ်ကယ်ဆယ်ရေးအသင်း(မြောက်ခြောင်း)အသင်းထံက သိရပါတယ်။
အဲဒီနေ့ ည ၉ နာရီကျော်လောက်မှာ ပြည်ကနေ ကံမမြို့နယ် ဂျွမ်းတောင်ရွာကို ပြန်လာတဲ့ လှိုင်မျိုးထွဋ်နဲ့ငဝိုင်းခေါ်ရှိုင်းရာဇာတို့ ၂ ဦးမောင်းလာတဲ့ဆိုင်ကယ်ကို ကံမမြို့နယ်ကျောက်ထစ်ရွာ အနီး အမျိုးသမီး ၂ ဦးနဲ့အမျိုးသား ၁ဦးတို့က ဝါးရင်းတုပ်တွေ၊ ဝါးခြမ်းတွေနဲ့ ရှေ့ကဆီးရိုက်ကာ ဆိုင်ကယ်လုပြီး ကံမြို့ဘက်ကို မောင်းနှင်ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
အခုလို ရိုက်နှက်ခံရတာကြောင့် ဆိုင်ကယ်မောင်းသူ ငဝိုင်းခေါ် ရှိုင်းရာဇာဟာ နေရာမှာပဲ သေဆုံးခဲ့ပြီး ဆိုင်ကယ်နောက်ထိုင်သူ လှိုင်မျိုးထွဋ်ကတော့ ခေါင်း၊ လယ်ပင်း၊ မျက်ခုံး၊ လက်နဲ့ နောက်စေ့တွေမှာ ဒဏ်ရာတွေရလို့ ကံမဆေးရုံကို တင်ထားရတယ်လို့ ကံမြို့မရဲစခန်းတာဝန်မှူးထံက သိရပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်လို့ တရားခံ မမိသေးပေမယ့်ပုဒ်မ ၃၉၇ လုယက်မှုနဲ့အမှုဖွင့်ထားတယ်လို့ သူက ဆိုပါတယ်။
မင်းညို