ယူအန်အက်ဖ်စီ အတွင်းရေးမှူး နိုင်ဟံသာနဲ့ ဆက်သွယ်မေးမြန်းချက်
ပီတာအောင်
·
January 21, 2013
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီဟာ ကေအိုင်အိုနဲ့ တွေ့ဆုံဆွေးနွေးလိုတဲ့အကြောင်း ဇန်န၀ါရီ ၁၉ ရက်နေ့က စာရေးပြီး ကမ်းလှမ်းထားပါတယ်။
ဒီကမ်းလှမ်းချက်နဲ့ ပတ်သက်ပြီး ကေအိုင်အိုဘက်ကတော့ ကချင်ဒေသမှာ စစ်ပွဲတွေရပ်ဖို့ ကိစ္စ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနဲ့ ကေအိုင်အိုတို့ သီးခြား တွေ့ဆုံတာထက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) နဲ့ တွေ့ဆုံတာက ပိုသင့်တော်မယ်လို့ သဘောထားထုတ်ပြန်ပါတယ်။
ဒီလို ကေအိုင်အိုရဲ့ အကြံပြုချက်နဲ့ ပတ်သက်ပြီး ယူအန်အက်ဖ်စီရဲ့သဘောထားသိရဖို့ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါပြီ။