မန္တလေးလေဆိပ်တွင် ကျောက်စိမ်းအရိုင်းတုံး ၄ တုံး ဖမ်းဆီးမိ
DVB
·
November 8, 2019
မန္တလေးလေဆိပ်မှာ နိုဝင်ဘာ ၇ ရက်နေ့ ညနေပိုင်းက တရားမဝင်သယ်ဆောင်လာတဲ့ ကျောက်စိမ်းအရိုင်းတုံး ၄ တုံး ဖမ်းဆီးရမိတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
နိုဝင်ဘာလ ၇ ရက်နေ့ ညနေ ၁၆း၃၅ အချိန်က မန္တလေးလေဆိပ်ပြည်တွင်း ဆိုက်ရောက် X-Ray စက်စစ်ဆေးရေးဂိတ်မှာ မန္တလေးလေကြောင်းရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်တွေဟာ ခန္တီးလေဆိပ်ကနေ မန္တလေးလေဆိပ်ကို MNA လေကြောင်းလိုင်းနဲ့ လိုက်ပါလာတဲ့ ဦးသိန်းနိုင်ရဲ့ ခရီးဆောင်အိတ်အတွင်းမှ ကျောက်စိမ်းအရိုင်းတုံး ၄ တုံး၊ အလေးချိန် ၁၅ ပိဿာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ကျောက်စိမ်းအရိုင်းတုံးတွေ သယ်ဆောင်ခဲ့မှုအတွက် စာရွက်စာတမ်းတစုံတရာ ပြသနိုင်ခြင်းမရှိတာကြောင့် ဦးသိန်းနိုင်အား လေဆိပ်နယ်မြေရဲစခန်း (ပ)၄၅/၂၀၁၉၊ ကျောက်မျက် ရတနာဥပဒေပုဒ်မ ၅၁(က) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။