အပစ်ရပ်ပူးတွဲစောင့်ကြည့်ကော်မတီ (JMC)အတွက် ဒေါ်လာ ၃ သိန်း တရုတ်လှူဒါန်း
နေလင်းအောင်
·
November 8, 2019
ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC)ကို တရုတ်နိုင်ငံအစိုးရက အမေရိကန်ဒေါ်လာ ၃ သိန်း လှူဒါန်းလိုက်ပါတယ်။
နိုဝင်ဘာလ ၈ ရက်မနက်က ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NPRC)မှာ လာရောက်လှူဒါန်းခဲ့တာပါ။
တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအကောင်အထည်ဖော် ဆောင်ရွက်ရာမှာ လိုအပ်တဲ့နေရာတွေမှာ အသုံးပြုဖို့အတွက် ပေးအပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။
တရုတ်အစိုးရအနေနဲ့ အရင်ကလည်း JMC ကို အမေရိကန်ဒေါ်လာ ၈ သိန်းနဲ့ Volvo မော်တော်ယာဉ်၁၀ စီးကိုလည်း ပေးအပ်ခဲ့ဖူးပါတယ်။