A d v e r t i s e m e n t With Us

ကချင်စစ်ပွဲရပ်ဖို့ မစ္စတာဘန်ကီမွန်းတောင်းဆို

မစ္စတာ ဘန်ကီမွန်း
ကချင်ဒေသမှာ အပစ်အခတ်ရပ်စဲရေး အထမြောက်အောင်မြင်အောင် အကောင်အထည်ဖော် လုပ်ဆောင်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက တိုက်တွန်းလိုက်ပါတယ်။ [caption id="attachment_35558" align="alignleft" width="150" caption="ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း"][/caption] ပြီးခဲ့တဲ့သောကြာနေ့က မြန်မာအစိုးရက ကချင်ပြည်နယ် လဂျားယန်စစ်ဆင်ရေးရပ်ဆိုင်းကြောင်း ကြေညာခဲ့ပြီးနောက် အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက တနင်္ဂနွေနေ့မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာပါ။ မြန်မာအစိုးရရဲ့ ကြေညာချက်ကို အတွင်းရေးမှူးချုပ်အနေနဲ့ ကြိုဆိုပေမယ့်   အပစ်ရပ်စဲရေး အထမြောက်အောင် လုပ်ဆောင်ဖို့ တိုက်တွန်း လိုက်တာပါ။   အစိုးရနဲ့ ကချင်တပ်တွေ နှစ်ဖက်စလုံးအနေနဲ့    နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုနဲ့ ယုံကြည်မှုတည်ဆောက်မှုတွေ တိုးမြှင့်ဆောင်ရွက်ခြင်းကနေ ကချင်ဒေသမှာ ရေရှည်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရဖို့  အလေးထား ကြိုးပမ်းကြဖို့လည်း ဘန်ကီမွန်းက တိုက်တွန်းပါတယ်။ ဒါ့အပြင် ပဋိပက္ခဇုန်ထဲမှာ ရှိနေတဲ့ ထိခိုက်နစ်နာတဲ့ အရပ်သားတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေကို ပေးခွင့်ပြုဖို့လည်း ဘန်ကီမွန်းက တောင်းဆိုထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up