Home
အနုပညာ
ဖြူဖြူကျော်သိန်း အငယ်စား (သို့) ဘင်ဂျမင်ဆုန်း (ရုပ်သံ)
DVB
·
November 8, 2019
မနေ့ညက ပြိုင်ပွဲဝင် ၁၀ ယောက် အပြိုင်ကြဲယှဉ်ပြိုင်ခဲ့ကြတဲ့ မြန်မာအိုင်ဒေါ Season 4 ရဲ့ ရော့ခ်သီတင်းပါတ်မှာတော့ ပြိုင်ပွဲဝင် ဘင်ဂျမင်ဆုန်းက ထူးခြားတဲ့ ပုံစံတမျိုးနဲ့ အစွမ်းပြ ယှဉ်ပြိုင်ခဲ့ပါတယ်။        “ဘယ်ကိုလဲ… မေးခွန်းများရဲ့ အဖြေဟာတိကျ… ငါဟာ ယောကျ်ား… လူသားတ ဦးပါ… သွားရမယ့်လမ်းရဲ့… ရှေ့ကရည်မှန်းချက်… ငါသွားမယ် မတားနဲ့… မတားနဲ့… ငါ့ခရီးလမ်းကို ပိတ်ကာရပ်မထားနဲ့… ငါဒီလမ်းအဆုံးအထိ… ဘယ်သူတားတား မမှုဘူး … လာမတားနဲ့… မတားနဲ့… မတားနဲ့… မတားနဲ့”        ဒါကတော့ တချိန်က နာမည်ကြီးသရုပ်ဆောင် အဆိုတော်မင်းသားကြီး ကျော်ဟိန်းရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ “သွားမယ်မတားနဲ့”သီချင်းထဲက စာသားတွေဖြစ်ပြီး ဘင်ဂျမင်ဆုန်းရဲ့ သီဆိုဟန်နဲ့ ရှုစားခဲ့ကြရတာပါ။        “ငါ့ နှလုံးသားက… ဒီဆုံးဖြတ်ချက်တို့ မစွန့်လွှတ်… ကျော်ဖြတ်ဖို့ သတ္တိအပြည့်အ ဝနဲ့… ရင်ဆိုင်ဖို့အတွက်… အကုန်လုံးအဆင်သင့်… အောင်မြင်ရမယ်”        ကလေးမြို့က လာရောက်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဝင် ချင်းတိုင်းရင်းသားလေး ဘင်ဂျမင် ဆုန်းဟာ ဒီသီချင်းကို ခံစားမှုအားကောင်းကောင်းနဲ့ သီဆိုပြသွားခဲ့ပြီး ဒိုင်တွေရဲ့ အာရုံကို ဖမ်းစားထားနိုင်ခဲ့တာကို တွေ့ရပါတယ်။        ပြီးခဲ့တဲ့ သီတင်းပတ် Performance Show မှာတော့ သူက ထူးအိမ်သင်ရဲ့ မိဘ မေတ္တာဘွဲ့ သီချင်းတပုဒ်ဖြစ်တဲ့ “မေမေနေကောင်းလား”သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး နောက်တဆင့်ကို တက်လှမ်းလာနိုင်ခဲ့တာပါ။ Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တွေအနေနဲ့ အခုနှစ်မှာတော့ အ ဆိုတော် အောင်ကိုလတ်၊ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က အကဲဖြတ်အမှတ်ပေးနေ ကြတာဖြစ်ပြီး Host အနေနဲ့ Myanmar Idol Season ၃ ခုလုံးမှာ ပါဝင်တင်ဆက်ပေးခဲ့တဲ့ ကျော်ထက်အောင်က တင်ဆက်ပေးနေတာပါ။ ခုတပါတ် ဘင်ဂျမင်ဆုန်းရဲ့ သီဆိုယှဉ်ပြိုင်မှုအဆုံးမှာတော့ ဒိုင်တွေက ကောင်းမွန် တဲ့ မှတ်ချက်တွေ ပေးခဲ့ကြပြီး ဒိုင်တွေထဲက တဦးဖြစ်တဲ့ ဖြူဖြူကျော်သိန်းကတော့ စင် ပေါ်မှာ ဖြူဖြူကျော်သိန်းပေါက်စလေးကို ကြည့်နေရလိုပဲလို့ ထူးထူးခြားခြားမှတ်ချက်ပေး ချီးကျူးခဲ့တာကို တွေ့ရပါတယ်။ လတ်တလောမှာတော့ ပြိုင်ပွဲဝင်တွေကို မဲပေးရွေးချယ်နိုင်မယ့် Voting Line တွေ ကို ဖွင့်ထားပေးပြီး MPT, Ooredoo နဲ့ Mytel စတဲ့ ကြိုက်နှစ်သက်ရာ ဖုန်းလိုင်းတွေက တဆင့်လည်း Vote ပေးနိုင်မှာ ဖြစ်ပါတယ်။ ဘင်ဂျမင်ဆုန်းရဲ့ Voting No. ကတော့ 77702 ဖြစ်ပြီး ဒီကနေ့ညနေ ၆ နာရီအထိ မဲ ပေးရွေးချယ် အားပေးနိုင်မှာ ဖြစ်ပါတယ်။ Top Finalists ၁၁ ယောက် ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ပြီးခဲ့တဲ့ သီတင်းပါတ် Performance Show မှာတော့ ပြိုင်ပွဲဝင်တွေထဲက ခြူးစစ်ဟန်က ထွက်ခွာသွားခဲ့ရတာမို့ ခုညနေ Result Show မှာရော ဘယ်ပြိုင်ပွဲဝင်တွေက နောက်တဆင့် တက်သွားမလဲ၊ ဘယ်သူတွေကတော့ ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာသွားရမလဲဆိုတာကိုတော့ စောင့် မျှော်ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024