ရန်ကုန်- လိုင်ဇာ ငြိမ်းချမ်းရေးခရီးရှည် လမ်းလျှောက်ပွဲစတင်- မေးမြန်းချက်
ရွှေအောင်
·
January 21, 2013
မြန်မာနိုင်ငံမှာ သက်ဆိုးရှည်နေတဲ့ ပြည်တွင်းစစ် ရပ်ဆိုင်းသွားဖို့နဲ့ ငြိမ်းချမ်းရေး ရရှိဖို့အတွက် ရည်ရွယ်ပြီး ရန်ကုန်မြို့ကနေ ကချင်ပြည်နယ် လိုင်ဇာမြို့အထိ ခရီးရှည်ချီတက် လမ်းလျှောက်ပွဲတခု ဒီကနေ့ စတင်လိုက်ပါတယ်။
မနက် ၇ နာရီမှာ ရန်ကုန်မြို့တော်ခန်းမရှေ့ကနေ စတင်လမ်းလျှောက်ခဲ့တဲ့ လမ်းလျှောက်အဖွဲ့မှာ အခုအချိန်ထိ လိုင်ဇာအထိ လျှောက်မယ့်သူ အမာခံ ၂၉ ဦး ရှိနေပြီလို့ လမ်းလျှောက်ပွဲမှာ ပါဝင်သူတွေကပြောပါ တယ်။
ဒီနေ့ မွန်းလွဲ ၂ နာရီလောက်မှာ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ထဲ ဖြတ်သန်း လမ်းလျှောက်နေတဲ့ ကိုရန်နိုင်ထွန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။