တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော် (ဓာတ်ပုံ)
DVB
·
November 8, 2019
တန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်ကို နိုဝင်ဘာ ၄ ရက်မှ နိုဝင်ဘာ ၁၂ ရက်အထိ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာကျင်းပနေပါတယ်။
နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့ အနီးဝန်းကျင်မှာ ကျင်းပတဲ့ ရိုးရာပွဲတော် တခုဖြစ်ပြီး မီးပုံပျံပွဲတော်မှာ နေ့မီးနဲ့ ညမီးဆိုပြီး နှစ်မျိုးခွဲကာ ပြိုင်ပွဲတွေ ကျင်းပလေ့ရှိပါတယ်။
နေ့ပိုင်း အလှလွှတ် မီးပုံးပျံတွေဟာ အများအားဖြင့် တိရစ္ဆာန် ရုပ်ပုံတွေဖြစ်ပြီး ညလွှတ်မီးပုံပျံတွေကတော့ ညမီးကြီးနဲ့ စိန်နားပန်ဆိုပြီး နှစ်မျိုးနှစ်စားရှိပါတယ်။ ညမီးကြီးဟာ မီးပုံပျံအောက်ဆွဲမှာ ယမ်းခွေပါဝင်ပြီး မီးပုံပျံ ပျံတက်ချိန်မှာ မီးရှူးမီးပန်းတွေ ပစ်လွှတ်ကာ ညမြင်ကွင်းကို အလှဆင်ကြတာပါ။
စိန်နားပန်ကတော့ မီးပုံးပျံ အပြင်ကိုယ်ထည်ပေါ်နဲ့ အောက်ဆွဲမှာ မီးပုံးအရောင်အမျိုးမျိုးနဲ့ ရုပ်ပုံတွေ ဒါမှမဟုတ် စာလုံးတွေ ပုံဖော်ကာ လွှတ်တင်တဲ့ မီးပုံးပျံ အမျိုးအစား ဖြစ်ပါတယ်။